IMDb Rating - 6.4/10
အသည်းတအေးအေးနဲ့ကြည့်ရမယ့် ရုပ်ရှင်အသစ်တစ်ကားလာပါပြီ။
တောင်တက်သမားကောင်မလေးတစ်ယောက်ဟာ အတူတောင်တက်တဲ့ သူ့ယောကျ်ား ပြုတ်ကျပြီးဆုံးသွားတဲ့နောက်မှာ စိတ်ဓာတ်ကျပြီး အရက်တွေသောက် အခန်းထဲအောင်းတာပဲလုပ်နေပါတော့တယ်။
ဒီတော့သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းသူ့ကိုစိတ်ပြေလက်ပျောက်အမြင့်တစ်ခုတက်ဖို့လာခေါ်ပါတော့တယ်။
သူတို့တက်ရမယ့်အရာ အမေရိကရဲ့ စတုတ္ထမြောက်အမြင့်ဆုံး တီဗီတာဝါဖြစ်ပြီးပေ ၂၀၀၀ လောက်ကိုမြင့်ပါတယ်။ သူကအစပိုင်းမှာ သံဘောင်တွေပါတဲ့အတွင်းလှေကားကနေ လုံလုံခြုံခြုံတက်ရတာဖြစ်ပေမဲ့ ထိပ်တစ်ဆင့်မှာတော့လှေကားအလွတ်ကြီးပဲရှိပါတယ်။
သူတို့တွေအဲဒီအပေါ်ကို ခက်ခက်ခဲခဲတက် ဓာတ်ပုံတွေရိုက်ပြီး ပြန်အဆင်းမှာတော့ သံလှေကားဟောင်းကြီး ကျွတ်ကျသွားခဲ့ပါတယ်။
အဲဒီတော့တာဝါအမြင့်ကြီးရဲ့ ထိပ်ဆုံးမှာ သူငယ်ချင်းနှစ်ယောက် ပိတ်မိနေပြီး ကယ်မယ့်သူလည်းမရှိ၊ ဘေးပတ်လည်မှာလူလည်းမရှိ၊ ဖုန်းလိုင်းလည်းမမိတဲ့အချိန်မှာ အသက်ရှင်လျက် ပြန်ဆင်းလာနိုင်ဖို့ ဘယ်လိုတွေ နည်းမျိုးစုံနဲ့ စွန့်စားရမလဲဆိုတာကြည့်ရမှာပါပဲ။ အတော်လေးခံစားလို့ကောင်းတဲ့ရုပ်ရှင်ပါပဲ။
👇👇👇
🚨Download
IMDb Rating - 8.0/10
အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ တောင်ပိုင်း ကန်နန်းဒါးဘက်က နာမည်ကြီးမင်းသား ဆလ်မန်းခန်းရဲ့ Dabangg 3 ဇာတ်ကားထဲမှာ ဗီလိန်နေရာက သရုပ်ဆောင်သွားတဲ့ မင်းသား ကစ်ချားဆူဒီပါးနဲ့ ဆက်ဆီကျကျမမလှလှဂျက်စီတို့ရဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
ဒီဇာတ်ကားလေးက တော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်....
ကာနတကမြို့နယ်အတွင်းက ကမာရုတူးဆိုတဲ့ရွာလေးကနေ ဇာတ်လမ်းကိုအစပြုထားတယ်....
အဲ့ဒီရွာက တောအုပ်ကြီးအလယ်မှာ တည်ရှိနေတဲ့ရွာဖြစ်သလို ဖြစ်ရပ်ဆန်းကြယ်မှုတွေနဲ့ နတ်ဆိုးတွေသောင်းကျန်းနေတယ်လို့လည်း နာမည်ကြီးတယ်...
အဲ့ဒီရွာအတွင်းမှာရှိတဲ့ ဘိုးဘွားပိုင်အိမ်မှာ မိသားစုတစ်စု မင်္ဂလာပွဲလာကျင်းပကြပါတယ်
အထမမြောက်နိုင်ခဲ့ဘဲ အိမ်ထဲမှာ
အရာရှိတစ်ယောက်ရဲ့ခေါင်းပြတ်နေတဲ့အလောင်းကိုတွေ့ရှိခဲ့ပါတယ်
ကလေးသူငယ်တွေဟာလည်း အသတ်ခံနေနေရပါတယ်.....
ဆိုတော့ ဒီရွာက တကယ်ပဲ့ ကျိန်စာသင့်နေတာလား....
နတ်ဆိုးတွေ သောင်းကျန်းနေတာလား....
အဖြစ်မှန်က ဘာများလဲ.....။
👇👇👇
🚨Download
🚨Download
Day Shift - 2022 မြန်မာစာတန်းထိုး HD
IMDb Rating - 6.8/10
ဂျေမီဖောက်စ်၊ စနုဒေါ့နဲ့ ဒေ့ဖရန်ကိုတို့ရဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ သွေးစုပ် ကောင်မုဆိုးဇာတ်လမ်းပါပဲ။
ဂျေမီက သွေးစုပ်ကောင်မုဆိုးများသမဂ္ဂကနေ အထုတ်ခံထားရတဲ့ ဘက်ဒ်ဆိုတဲ့ တစ်ကိုယ်တော်မုဆိုးတစ်ယောက်ပါ။
သွေးစုပ်ကောင်မုဆိုးတွေဟာ သွေးစုပ် ကောင်တွေကိုသတ်ပြီး အစွယ်တွေကိုနှုတ်ရောင်းရင် ဈေးကောင်းရတဲ့အတွက် အဲဒီအလုပ်နဲ့အသက်မွေးကြတာများပါတယ်။
ဒါပေမဲ့မှောင်ခိုဈေးဆိုရင် နည်းတာမို့ သမဂ္ဂအသင်းဝင်ဖြစ်မှ ဈေးကောင်းရကြတာတို့ အာမခံရတာတို့ ဖြစ်ပါတယ်။
ဘက်ဒ်ဟာ အဲဒီအလုပ်ကိုလျို့ဝှက်လုပ်နေတာကြောင့် မိန်းမနဲ့ကလေးနဲ့ ခွဲနေရပြီး ငွေကြေးလည်းအဆင်မပြေဖြစ်နေပါတယ်။
တစ်နေ့မှာ သူ့မိန်းမက ကလေးကျောင်းလခ ဒေါ်လာ ၅၀၀၀ နဲ့ သွားဆေးခန်းမှာသွားထိန်းအစွပ်လုပ်ဖို့ ဒေါ်လာ၅၀၀၀ လိုတယ်ပြောလာတဲ့အခါ
သမဂ္ဂမှာပြန်ဝင်ခွင့်ရအောင်လုပ်ပြီး သွေးစုပ်ကောင်တွေအများကြီးလိုက်သတ်ပြီး ငွေတွေအများကြီးရှာဖို့ ကြိုးစားလာပါတော့တယ်။
ဒါပေမဲ့ သူသတ်လိုက်တဲ့ သွေးစုပ်ကောင်ရဲ့ ဆွေမျိုးတွေက အကောင်ကြီးမိသားစုဖြစ်နေပြီး သူ့ကိုလက်စားချေဖို့လိုက်လာတဲ့အခါမှာတော့…
👇👇👇
🚨Download
🚨Download
The Sea Beast (2022)
နက်ဖလစ်ရဲ့ ကာတွန်းအသစ်လေးလာပါပြီ။ ဒါရိုက်တာ ခရစ်ဝီလီယံ
ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
သူက Big Hero 6 ကိုရိုက်ခဲ့တဲ့သူဖြစ်ပြီး၊ မိုအာနာ နဲ့ Bolt ကိုရေးခဲ့တဲ့သူပါပဲ။
ဒီဇာတ်လမ်းကတော့ ပင်လယ်ထဲက ထူးဆန်းတဲ့ သားရဲကြီးတွေနဲ့ ပင်လယ်မုဆိုးတွေရဲ့
တိုက်ပွဲကို အခြေခံထားတာပါ။ အကောင်ဆန်းတွေကိုချစ်စရာတွေလုပ်ထားတော့
ကလေးတွေလည်း ကြည့်လို့အရမ်းသဘောကျမှာပါ။ ဇာတ်လမ်းထဲမှာတော့မေစီဆိုတဲ့ ကောင်မလေးဟာ မုဆိုးမျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး
သူ့မိဘတွေက ပင်လယ်တိုက်ပွဲမှာ သေဆုံးသွားခဲ့လို့ မိဘမဲ့ဖြစ်နေသူပါ။
သူကလည်း သူ့မိဘတွေလို မုဆိုးလုပ်ချင်တာကြောင့် မုဆိုးသင်္ဘောတွေထဲက
နာမည်အကြီးဆုံးဖြစ်တဲ့ အင်အက်ဗစ်ထဘဲဆိုတဲ့ သင်္ဘောပေါ်ကို ခိုးပြီးတက်လိုက်သွားပါတယ်။
အဲဒီမှာပဲ သင်္ဘောပေါ်က ကပ္ပတိန်ကြီး ခရိုး ရယ် သူ့ရဲ့ မွေးစားသား
လက်ထောက် ဂျေကော့ တို့ရယ်နဲ့ပေါင်းပြီး ပင်လယ်ပြင်မှာ စွန့်စားခန်းတွေဖွင့်ကြတဲ့အခါ….
ကြိုက်ရာလင့်ခ် မှ ဒေါင်းပါ
🚨 Link 1
🚨 Link 2
Cracked (2022)
ရုက်ရဲ့သမီးဖြစ်သူ ရေချယ်က မျက်စိပြဿနာတစ်ခုကြောင့်
ကောင်းကောင်းမမြင်ရဘဲ ခွဲစိတ်မှုပြုလုပ်ဖို့ငွေလိုအပ်လာပါတော့တယ်
ဒီအချိန်မှာပဲ ရုက်ရဲ့ဖခင် သေဆုံးပြီမို့ မွေးရပ်မြေချင်းမိုင်ကိုပြန်လာဖို့
ဖခင်ဖြစ်သူရဲ့သူငယ်ချင်းဝိချိုင်က ခေါ်ခဲ့တာမို့ ပြန်လာခဲ့ရပါတော့တယ်
ချင်းမိုင်ကိုရောက်တော့ ဝိချိုင်က ရုက်ရဲ့ဖခင်ပကွန်ရေးဆွဲခဲ့တဲ့ပန်းချီကားနှစ်ကားကို သန်းချီပေးပြီးဝယ်ချင်သူရှိကြောင်းပြောတာမို့
သမီးဖြစ်သူရဲ့ခွဲစိတ်မှုအတွက် ရုက်က ရောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်
ပန်းချီကားတွေမှာ အက်ရာတွေရှိနေတာမို့ မရောင်းခင် ပြုပြင်ထိန်းသိမ်းဖို့ ဝိချိုင်က သားဖြစ်သူ ထင်မ်ကိုအပ်ခဲ့ပါတယ်ရုကျအနေနဲ့ ဘာလို့ ဖခင်ဖြစ်သူပကွန်ကို ဘာလို့မုန်းတီးပြီး မွေးရပ်မြေကနေထွက်သွားရတာလဲ
ပန်းချီကားတွေနဲ့စတူဒီယိုကိုရော ရုကျက ဘာလို့ကြောက်ရွံ့နေရတာလဲ
ပန်းချီကားကို ပထမအကြိမ်ရောင်းချခဲ့စဥ်က သေဆုံးမှုတွေဘာလို့ဖြစ်ခဲ့ရတာလဲ
ပန်းချီဆရာပကွန် ၊ ရုက်နဲ့ ဒီစတူဒီယိုကြီးမှာ ဘာအဖြစ်ဆိုးတွေဖြစ်ခဲ့တာလဲဆိုတာကို စိတ်လှုပ်ရှားမှုများစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်
ကြိုက်ရာလင့်ခ်မှ ဒေါင်းပါ
🚨 Download 1
🚨 Download 2
Jurassic World Dominion - 2022 မြန်မာစာတန်းထိုး HD
IMDb Rating - 5.9/10
ဂျူရက်ဆစ်ကမ္ဘာရဲ့ တတိယရုပ်ရှင်ကြီးထွက်လာပါပြီ။ ပထမရုပ်ရှင်မှာ ဂျူရက်ဆစ်ပန်းခြံပျက်စီးသွားခဲ့ပြီး၊ ဒုတိယကားမှာ ဒိုင်နိုဆောတွေအားလုံး ကမ္ဘာကြီးထဲကို ပျံ့နှံ့လာတာကို တွေ့ရမှာပါ။
ဒီတတိယကားမှာတော့ ဒိုင်နိုဆောတွေနဲ့ ဒီအန်အေတူတဲ့ ဧရာမကျိုင်းကောင်ကြီးတွေ ပေါ်လာပြီး ကမ္ဘာပေါ်က လယ်ကွင်းတွေကို လိုက်ဖျက်ဆီးနေတဲ့ပြဿနာကနေစတင်လာပါတယ်။
အိုဝင် နဲ့ ကလယ်ရာတို့အတွဲကလည်း ချားလော့ကလုန်း ကောင်မလေးဖြစ်တဲ့ မေစီကို ကယ်လာပြီး လူတွေနဲ့ဝေးရာမှာ ဖွက်ထားခဲ့ပါတယ်။
အဲဒီမှာပဲ ကျိုင်းကောင်တွေကို မျိုးဗီဇပြောင်းတဲ့တရားခံကိုရှာနေတဲ့ သိပ္ပံပညာရှင် သူငယ်ချင်းနှစ်ယောက်ရယ်၊ မေစီကိုဖမ်းသွားတဲ့အပြင် ရပ်ပ်တာမကြီး ဘလူးရဲ့ ကလေးကိုပါ ဖမ်းသွားတဲ့လူတွေနောက်ကို ကယ်ဖို့လိုက်လာတဲ့ အိုဝင်တို့စုံတွဲရယ်ပူးပေါင်းပြီး စွန့်စားခန်းတွေ ဖွင့်ကြရပါတော့တယ်...
ရရချင်း တင်ပေးထားရတာမို့ Korea Hardsub ပါတာကိုတော့ အနည်းငယ် သည်းခံပြီး ကြည့်ရှုပေးကြပါဦး
👇👇👇
🚨Link1
🚨Link2
The Passenger - 2021 မြန်မာစာတန်းထိုး HD
IMDb Rating - 5.4/10
ခရီးသည်တွေ တင်လာတဲ့ ဗန်ကား တစ်စီးဟာ တောင်တက်လမ်းတစ်ခုမှာတော့ လမ်းလျှောက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တိုက်မိသွားခဲ့ပါတယ်။
ညကြီးမိုးချုပ် ဖြစ်တဲ့အပြင် လမ်းပေါ်မှာလည်း ဘယ်သူမှ မရှိ၊ ဘယ်ကိုမှလည်း ဆက်သွယ်လို့မရတာကြောင့် သူတို့ကားပေါ်တင်လာပြီး အနီးစပ်ဆုံး ဆေးရုံကို ပို့ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ပြဿနာကတော့ အဲ့ဒီမှာ စတော့တာပါပဲ။ ခရီးသည်တွေလည်း သူတို့ ကူညီဖို့ဆုံးဖြတ်ခဲ့တာဟာ တစ်ခုခု လွဲမှားသွားပြီဆိုတာသိလိုက်ပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ပြန်ပြင်လို့မရတော့ပါဘူး။
သူတို့ ကားပေါ်တင်လာခဲ့တဲ့ အမျိုးသမီးက ဘယ်လိုလူမျိုးလဲ?
အဲ့ဒီအမျိုးသမီးနဲ့ သူတို့တွေ ဘယ်လိုရှေ့ဆက်ကြမလဲ?
ကားပေါ်ပါလာတဲ့ ခရီးသည်တွေကော ဘယ်လိုပြဿနာတွေနဲ့ ကြုံတွေ့ရမလဲ? ဆိုတာကိုတော့ သည်းထိတ်ရင်ဖို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
👇👇👇
🚨Download-1
🚨Download-2
Man Vs Bee (2022) Complete Limited Series
IQ 178 ရှိတဲ့ စူပါဂျီးနီးယပ်စ်တစ်ယောက်ဖြစ်တဲ့ ရို၀န်အတ်ကင်ဆန်ရဲ့ တစ်ကျော့ပြန် ဇာတ်လမ်းတွဲအသစ်ကို Netflix ကနေ အစအဆုံး တစ်သုတ်တည်း ထုတ်လုပ်တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းတွဲကို ရိုဝန်အတ်ကင်ဆန်ရဲ့ Johnny English Strikes Again ကားကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကပဲ ရိုက်ထားတာပါ။
ရုပ်ရှင်အကြိုက်တွေ အမျိုးမျိုးကွဲကြပေမဲ့ တစ်ခေတ်တစ်ခါတုန်းက Legend တစ်ယောက်ဖြစ်တဲ့ ချာလီချက်ပလင်ကို မကြိုက်တဲ့သူမရှိသလို သူ့နောက်တစ်ခေတ်မှာလည်း တွမ်အန်န်ဂျယ်ရီကို မကြိုက်တဲ့သူမရှိပါဘူး။ အဲဒီလိုမျိုး ကျွန်တော်တို့ မျက်မှောက်ခေတ်ရဲ့ ဟာသ Legend ကြီးကတော့ မစ္စတာဘင်းန်ပါပဲ။ အဲဒီဇာတ်လမ်းတွဲကို မကြိုက်တဲ့သူမရှိတာ သေချာပါတယ်။
ဇာတ်လမ်းကတော့ နာမည်အတိုင်းပဲ၊ လူနဲ့ပျား အကြိတ်အနယ်ဆော်ကြတဲ့ဇာတ်ပါပဲ။ ခင်ဗျားအိမ်ထဲ ငှက်တစ်ကောင်ဖြစ်ဖြစ် ပျားတစ်ကောင်ဖြစ်ဖြစ် ၀င်ပြီး ပြန်ထွက်မရဖြစ်နေတာကြုံဖူးမှာပေါ့။ အ၀တ်နဲ့ရိုက်ထုတ်လိုက် မောင်းထုတ်လိုက် လုပ်ပေမဲ့ အေဘေးက မထွက်တာလည်း ကြုံဖူးမှာပေါ့။
အပိုင်း(၉)ပိုင်းရှိပါသည်။ အောက်ပါ Link များတွင် ကြည့်ရှု or Download ပြုလုပ်နိုင်ပါသည်
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Swordsman's Romance - 2022 မြန်မာစာတန်းထိုး HD
IMDb Rating - 5.9/10
သိုင်းလည်းတကယ်ချမယ်၊ ကွန်ပြူတာအထူးပြုလုပ်ချက်တွေလည်းပါမယ်၊ မင်းသားမင်းသမီးတွေလည်း အဆင်လေးတွေကြည့်ချင်ရင်တော့ ဒီကားကိုညွှန်းပါရစေနော်။
တောင်ပိုင်းနဲ့မြောက်ပိုင်းမှာ ယဲ့အိမ်နဲ့လျောင်အိမ်ဆိုပြီး သိုင်းလောကမှာနာမည်ကြီးကြပါတယ်။ ယဲ့အိမ်ကတတိယသခင်လေး (ယဲ့ဝေ) ကတော့ မွေးရာပါပါရမီပါတာကြောင့် ခုနစ်နှစ်သားအရွယ်ကတည်းက သိုင်းကွက်ထွင်ခဲ့တဲ့သူပေါ့။
တောင်ပိုင်းမှာ နာမည်ဘယ်လောက်ကြီးလဲဆိုရင် သူ့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့သူရဲကောင်းလို့တောင် နာမည်တပ်ပိုင်ခွင့်မရှိပါဘူး။
အဲ့ဒီလိုနဲ့ တောင်ပိုင်းသိုင်းပြိုင်ပွဲမှာ မြောက်ပိုင်းက လျောင်ရှီးလို့ခေါ်တဲ့သခင်မလေးနဲ့ တွေ့ဖို့အကြောင်းဖန်လာပါတော့တယ်။
သူကယ်လိုက်ကိုယ်ကယ်လိုက်နဲ့ နောက်ဆုံးတော့ လည်လွန်းတဲ့ဘီးချီးပုံတက်နင်းမိတယ်ဆိုသလို ယဲ့ဝေတစ်ယောက် သိုင်းတွေအကုန်ပျက်စီးသွားပါတော့တယ်။
နာမည်ဂုဏ်သတင်းကြီးတဲ့ ယဲ့ဝေတစ်ယောက် သိုင်းတွေဆုံးရှုံးသွားတော့ ဘယ်လိုဖြတ်သန်းခဲ့ရလဲ?
သူအပြစ်လုပ်ခဲ့မိတဲ့ သိုင်းလောကမိတ်ဆွေတွေကရော သူနဲ့ဘယ်လိုစာရင်းရှင်းကြမလဲဆိုတာကိုတော့...
ကြိုက်ရာ Link မှဒေါင်းပါ
👇👇👇
🚨Link-1
🚨Link-2
Mad God - 2022 မြန်မာစာတန်းထိုး HD
IMDb Rating - 7.0/10
Jurassic Park, Starship Troopers, RoboCop နဲ့ Stars Wars စတဲ့ နာမည်ကျော် ဇာတ်ကားတွေရဲ့ Visual Effects တွေကို ဖန်တီးပေးခဲ့တဲ့ Phil Tippett ရဲ့ နောက်ထပ် လက်ရာမြောက်တဲ့ ကားလေးတစ်ကားပါ။
ဇာတ်လမ်းအညွှန်းကတော့ ...
ကမ္ဘာ့မြေပုံနဲ့ ဗုံးတစ်လုံး ခရီးဆောင်အိတ်တစ်ခုကိုသယ်ဆောင်ပြီး ကမ္ဘာမြေကိုဖျက်ဆီးဖို့ရောက်လာတဲ့ သတ္တဝါတစ်ကောင် ...
လမ်းမှာကြုံတွေ့ရတဲ့အခက်အခဲတွေ ထူးဆန်းတဲ့ လျှပ်စစ်နဲ့ညှင်းပန်းခံရတဲ့သားကောင်တွေ ကြောက်မက်ဖွယ်ရာအဖြစ်အပျက်တွေကို ကြုံခဲ့ရပြီး ရန်သူတွေနဲ့အတူ သူ့ကိုယ်သူဖျက်ဆီးခံရမယ့် အခြေအနေတွေကိုရင်ဆိုင်ရချိန်မှာတော့ ...
သူ့ရဲ့နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းမလဲ?
သူကပဲ နဂိုအကြံအစည်ကိုအောင်မြင်အောင် ဆောင်ရွက်နိုင်မှာလား?
ရန်သူတွေကြားမှာပဲ အသက်ဆုံးရမလား? စတာတွေကို မွန်းစတားတွေ ရက်စက်တဲ့ သတ္တဝါတွေရဲ့ ခွန်အားနဲ့ ဉာဏ်အား ပြိုင်ပွဲတွေကြား ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
IMDb မှာကော Rotten Tomatoes မှာပါ rating တွေ ကောင်းတဲ့အပြင် critic review တွေလည်း ရှယ်ရထားတာမို့ ကြည့်ကြပါဦးလို့ ...
ကြိုက်ရာ Link မှဒေါင်းပါ
👇👇👇
🚨Download-1
🚨Dwonload-2
Twenty One Hours - 2022 မြန်မာစာတန်းထိုး HD
IMDb Rating - 8.3/10
ဒီတစ်ခေါက်မှာလည်း သိပ်မကြာခင်က ထွက်ထားတဲ့ မာလာရာလမ်း ရုပ်ရှင် 12th man လို စုံထောက်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
တောင်ပိုင်း ကန်နာဒါးက ရိုက်ကူးထားပြီး
မှုခင်းစုံထောက်ကားကြိုက်သူတွေအတွက် လှည့်ကွက်မျိုးစုံနဲ့ ကားကောင်းတစ်ကားကို တင်ဆက်လိုက်ပါတယ်
ဇာတ်လမ်းအကျဉ်း...
မိန်းကလေးတစ်ယောက် အိမ်ပေါ်ကဆင်းလာတာကို ကူညီပေးဖို့ ဝန်ကြီးတစ်ယောက်ရဲ့အသိကို အကူအညီတောင်းပြီး
ဝန်ကြီးကတဆင့် ရဲစခန်းမှာ ခဏထိန်းထားပေးဖို့ ရဲတစ်ယောက်ကို သွားခေါ်ခိုင်းခဲ့ရမှအစပြုပြီး မိန်းကလေးလဲပျောက်
ရဲကလည်း အလီဘိုင်နဲ့ သူမသိကြောင်းချေပနိုင်ချိန်မှာတော့...
မိန်းကလေးကိုပြန်တွေ့ပါ့မလား.. မိန်းကလေးရဲ့နောက်ကြောင်းနဲ့ အမှုမှန်ပေါ်ဖို့အတွက် ဘယ်လိုများ စုံစမ်းထောက်လှမ်းကြသလဲဆိုတာ ဆွဲဆောင်မှုကောင်းကောင်းနဲ့ ကြည့်ရမယ့် ရုပ်ရှင်တကားဖြစ်ပါတယ်...
မထင်မှတ်တဲ့လှည့်ကွက်တွေ စေ့စပ် သေချာတဲ့အမှုအသွားအလာတွေနဲ့
ရင်ခုန်စိတ်လှုပ်ရှားစရာ ဇာတ်ကားလေးမို့ လက်မလွှတ်ဖို့ ညွှန်းလိုက်ပါတယ်
ကြိုက်ရာ Link မှဒေါင်းပါ
👇👇👇
🚨Link-1
🚨link-2
🚨Link-3
Akira - 2016 မြန်မာစာတန်းထိုး HD
IMDb Rating - 6.0/10
ကဲဒီတစ်ခါတော့ ခပ်ကြမ်းကြမ်း အက်ရှင် ဘောလိဝု သဲထိပ်ရင်ဖိုဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါအုံးမယ်
ဇာတ်ကားလေးကတော့ IMDb Rating 6 ထိရရှိထားပြီးတော့ဇာတ်ကားလေးထဲမှာ ACTION/CRIME/DRAMA/THRILL စတဲ့ရသပေါင်းစုံကို တကားထဲနဲ့ ခံစားရမှာဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့အကီရာ ဟာ အိန္ဒိယ နိုင်ငံမြို့ငယ်လေးတစ်မြို့မှာ နေထိုင်ပြီး ငယ်စဉ်ကတညး်က ဖခင်ရဲ့ သင်ကြားမှုကြောင့် မဟုတ်မခံစိတ်ရှိသူတစ်ယောက်ပါ
အသက်၁၄ နှစ်အရွယ်မှာ မတော်တဆ အမှုအခင်းတစ်ခုဖြစ်ပွားမှုကို မြင်တွေ့မိခဲ့ပြီး မိခင်ဖြစ်သူမှာ သမီးဖြစ်သူ ရဲ့ ပညာရေးအတွက် မွမ်ဘိုင်းမြို့ပေါ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ပြီး
ကောလိပ်တက်နေရာမှ တစ်နေ့မှာ ကောလိပ်ကအမည်မသိ ကျောင်းသားရဲ့ ခြိမ်းခြောက် မှုကိုခံရရာမှ မဟုတ်မခံစိတ်ရှိသူ အကီရာတယောက် မှုခင်းတစ်ခုအတွင်းမှာ ပါဝင်နေခဲ့မိရာမှဘယ်လိုတွေများဆက်ဖြစ်ကြမလဲဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ
👇👇👇
Download Link