Man Vs Bee (2022) Complete Limited Series

IQ 178 ရှိတဲ့ စူပါဂျီးနီးယပ်စ်တစ်ယောက်ဖြစ်တဲ့ ရို၀န်အတ်ကင်ဆန်ရဲ့ တစ်ကျော့ပြန် ဇာတ်လမ်းတွဲအသစ်ကို Netflix ကနေ အစအဆုံး တစ်သုတ်တည်း ထုတ်လုပ်တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းတွဲကို ရိုဝန်အတ်ကင်ဆန်ရဲ့ Johnny English Strikes Again ကားကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကပဲ ရိုက်ထားတာပါ။
ရုပ်ရှင်အကြိုက်တွေ အမျိုးမျိုးကွဲကြပေမဲ့ တစ်ခေတ်တစ်ခါတုန်းက Legend တစ်ယောက်ဖြစ်တဲ့ ချာလီချက်ပလင်ကို မကြိုက်တဲ့သူမရှိသလို သူ့နောက်တစ်ခေတ်မှာလည်း တွမ်အန်န်ဂျယ်ရီကို မကြိုက်တဲ့သူမရှိပါဘူး။ အဲဒီလိုမျိုး ကျွန်‌တော်တို့ မျက်မှောက်ခေတ်ရဲ့ ဟာသ Legend ကြီးကတော့ မစ္စတာဘင်းန်ပါပဲ။ အဲဒီဇာတ်လမ်းတွဲကို မကြိုက်တဲ့သူမရှိတာ သေချာပါတယ်။
ဇာတ်လမ်းကတော့ နာမည်အတိုင်းပဲ၊ လူနဲ့ပျား အကြိတ်အနယ်ဆော်ကြတဲ့ဇာတ်ပါပဲ။ ခင်ဗျားအိမ်ထဲ ငှက်တစ်ကောင်ဖြစ်ဖြစ် ပျားတစ်ကောင်ဖြစ်ဖြစ် ၀င်ပြီး ပြန်ထွက်မရဖြစ်နေတာကြုံဖူးမှာပေါ့။ အ၀တ်နဲ့ရိုက်ထုတ်လိုက် မောင်းထုတ်လိုက် လုပ်ပေမဲ့ အေဘေးက မထွက်တာလည်း ကြုံဖူးမှာပေါ့။

အပိုင်း(၉)ပိုင်းရှိပါသည်။ အောက်ပါ Link များတွင် ကြည့်ရှု or Download ပြုလုပ်နိုင်ပါသည်

Ep-1

Ep-2

Ep-3

Ep-4

Ep-5

Ep-6

Ep-7

Ep-8

Ep-9

Swordsman's Romance - 2022 မြန်မာစာတန်းထိုး HD

IMDb Rating - 5.9/10

သိုင်းလည်းတကယ်ချမယ်၊ ကွန်ပြူတာအထူးပြုလုပ်ချက်တွေလည်းပါမယ်၊ မင်းသားမင်းသမီးတွေလည်း အဆင်လေးတွေကြည့်ချင်ရင်တော့ ဒီကားကိုညွှန်းပါရစေနော်။

တောင်ပိုင်းနဲ့မြောက်ပိုင်းမှာ ယဲ့အိမ်နဲ့လျောင်အိမ်ဆိုပြီး သိုင်းလောကမှာနာမည်ကြီးကြပါတယ်။ ယဲ့အိမ်ကတတိယသခင်လေး (ယဲ့ဝေ) ကတော့ မွေးရာပါပါရမီပါတာကြောင့် ခုနစ်နှစ်သားအရွယ်ကတည်းက သိုင်းကွက်ထွင်ခဲ့တဲ့သူပေါ့။

တောင်ပိုင်းမှာ နာမည်ဘယ်လောက်ကြီးလဲဆိုရင် သူ့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့သူရဲကောင်းလို့တောင် နာမည်တပ်ပိုင်ခွင့်မရှိပါဘူး။

အဲ့ဒီလိုနဲ့ တောင်ပိုင်းသိုင်းပြိုင်ပွဲမှာ မြောက်ပိုင်းက လျောင်ရှီးလို့ခေါ်တဲ့သခင်မလေးနဲ့ တွေ့ဖို့အကြောင်းဖန်လာပါတော့တယ်။

သူကယ်လိုက်ကိုယ်ကယ်လိုက်နဲ့ နောက်ဆုံးတော့ လည်လွန်းတဲ့ဘီးချီးပုံတက်နင်းမိတယ်ဆိုသလို ယဲ့ဝေတစ်ယောက် သိုင်းတွေအကုန်ပျက်စီးသွားပါတော့တယ်။

နာမည်ဂုဏ်သတင်းကြီးတဲ့ ယဲ့ဝေတစ်ယောက် သိုင်းတွေဆုံးရှုံးသွားတော့ ဘယ်လိုဖြတ်သန်းခဲ့ရလဲ?

သူအပြစ်လုပ်ခဲ့မိတဲ့ သိုင်းလောကမိတ်ဆွေတွေကရော သူနဲ့ဘယ်လိုစာရင်းရှင်းကြမလဲဆိုတာကိုတော့...

ကြိုက်ရာ Link မှဒေါင်းပါ

👇👇👇

🚨Link-1

🚨Link-2

Mad God - 2022 မြန်မာစာတန်းထိုး HD

IMDb Rating - 7.0/10


Jurassic Park, Starship Troopers, RoboCop နဲ့ Stars Wars စတဲ့ နာမည်ကျော် ဇာတ်ကားတွေရဲ့ Visual Effects တွေကို ဖန်တီးပေးခဲ့တဲ့ Phil Tippett ရဲ့ နောက်ထပ် လက်ရာမြောက်တဲ့ ကားလေးတစ်ကားပါ။

ဇာတ်လမ်းအညွှန်းကတော့ ...
ကမ္ဘာ့မြေပုံနဲ့ ဗုံးတစ်လုံး ခရီးဆောင်အိတ်တစ်ခုကိုသယ်ဆောင်ပြီး ကမ္ဘာမြေကိုဖျက်ဆီးဖို့ရောက်လာတဲ့ သတ္တဝါတစ်ကောင် ...

လမ်းမှာကြုံတွေ့ရတဲ့အခက်အခဲတွေ ထူးဆန်းတဲ့ လျှပ်စစ်နဲ့ညှင်းပန်းခံရတဲ့သားကောင်တွေ ကြောက်မက်ဖွယ်ရာအဖြစ်အပျက်တွေကို ကြုံခဲ့ရပြီး ရန်သူတွေနဲ့အတူ သူ့ကိုယ်သူဖျက်ဆီးခံရမယ့် အခြေအနေတွေကိုရင်ဆိုင်ရချိန်မှာတော့ ...

သူ့ရဲ့နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းမလဲ?

သူကပဲ နဂိုအကြံအစည်ကိုအောင်မြင်အောင် ဆောင်ရွက်နိုင်မှာလား?

ရန်သူတွေကြားမှာပဲ အသက်ဆုံးရမလား? စတာတွေကို မွန်းစတားတွေ ရက်စက်တဲ့ သတ္တဝါတွေရဲ့ ခွန်အားနဲ့ ဉာဏ်အား ပြိုင်ပွဲတွေကြား ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

IMDb မှာကော Rotten Tomatoes မှာပါ rating တွေ ကောင်းတဲ့အပြင် critic review တွေလည်း ရှယ်ရထားတာမို့ ကြည့်ကြပါဦးလို့ ...

ကြိုက်ရာ Link မှဒေါင်းပါ

👇👇👇

🚨Download-1

🚨Dwonload-2


Twenty One Hours - 2022 မြန်မာစာတန်းထိုး HD

IMDb Rating - 8.3/10

ဒီတစ်ခေါက်မှာလည်း သိပ်မကြာခင်က ထွက်ထားတဲ့ မာလာရာလမ်း ရုပ်ရှင် 12th man လို စုံထောက်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

တောင်ပိုင်း ကန်နာဒါးက ရိုက်ကူးထားပြီး
မှုခင်းစုံထောက်ကားကြိုက်သူတွေအတွက် လှည့်ကွက်မျိုးစုံနဲ့ ကားကောင်းတစ်ကားကို တင်ဆက်လိုက်ပါတယ်

ဇာတ်လမ်းအကျဉ်း...

မိန်းကလေးတစ်ယောက် အိမ်ပေါ်ကဆင်းလာတာကို ကူညီပေးဖို့ ဝန်ကြီးတစ်ယောက်ရဲ့အသိကို အကူအညီတောင်းပြီး
ဝန်ကြီးကတဆင့် ရဲစခန်းမှာ ခဏထိန်းထားပေးဖို့ ရဲတစ်ယောက်ကို သွားခေါ်ခိုင်းခဲ့ရမှအစပြုပြီး မိန်းကလေးလဲပျောက်
ရဲကလည်း အလီဘိုင်နဲ့ သူမသိကြောင်းချေပနိုင်ချိန်မှာတော့...

မိန်းကလေးကိုပြန်တွေ့ပါ့မလား.. မိန်းကလေးရဲ့နောက်ကြောင်းနဲ့ အမှုမှန်ပေါ်ဖို့အတွက် ဘယ်လိုများ စုံစမ်းထောက်လှမ်းကြသလဲဆိုတာ ဆွဲဆောင်မှုကောင်းကောင်းနဲ့ ကြည့်ရမယ့် ရုပ်ရှင်တကားဖြစ်ပါတယ်...

မထင်မှတ်တဲ့လှည့်ကွက်တွေ စေ့စပ် သေချာတဲ့အမှုအသွားအလာတွေနဲ့

ရင်ခုန်စိတ်လှုပ်ရှားစရာ ဇာတ်ကားလေးမို့ လက်မလွှတ်ဖို့ ညွှန်းလိုက်ပါတယ်

ကြိုက်ရာ Link မှဒေါင်းပါ

👇👇👇

🚨Link-1

🚨link-2

🚨Link-3

Akira - 2016 မြန်မာစာတန်းထိုး HD

IMDb Rating - 6.0/10

ကဲဒီတစ်ခါတော့ ခပ်ကြမ်းကြမ်း အက်ရှင် ဘောလိဝု သဲထိပ်ရင်ဖိုဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါအုံးမယ်

ဇာတ်ကားလေးကတော့ IMDb Rating 6 ထိရရှိထားပြီးတော့ဇာတ်ကားလေးထဲမှာ ACTION/CRIME/DRAMA/THRILL စတဲ့ရသပေါင်းစုံကို တကားထဲနဲ့ ခံစားရမှာဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းလေးကတော့အကီရာ ဟာ အိန္ဒိယ နိုင်ငံမြို့ငယ်လေးတစ်မြို့မှာ နေထိုင်ပြီး ငယ်စဉ်ကတညး်က ဖခင်ရဲ့ သင်ကြားမှုကြောင့် မဟုတ်မခံစိတ်ရှိသူတစ်ယောက်ပါ

အသက်၁၄ နှစ်အရွယ်မှာ မတော်တဆ အမှုအခင်းတစ်ခုဖြစ်ပွားမှုကို မြင်တွေ့မိခဲ့ပြီး မိခင်ဖြစ်သူမှာ သမီးဖြစ်သူ ရဲ့ ပညာရေးအတွက် မွမ်ဘိုင်းမြို့ပေါ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ပြီး

ကောလိပ်တက်နေရာမှ တစ်နေ့မှာ ကောလိပ်ကအမည်မသိ ကျောင်းသားရဲ့ ခြိမ်းခြောက် မှုကိုခံရရာမှ မဟုတ်မခံစိတ်ရှိသူ အကီရာတယောက် မှုခင်းတစ်ခုအတွင်းမှာ ပါဝင်နေခဲ့မိရာမှဘယ်လိုတွေများဆက်ဖြစ်ကြမလဲဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ

👇👇👇
Download Link

Gangubai Kathiawadi - 2022 မြန်မာစာတန်းထိုး HD

IMDb Rating - 7.0/10


ဇာတ်လမ်းကလဲ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပါ။

1960 ခုနှစ် မွန်ဘိုင်းရဲ့ မာဖီးယားဘုရင်မတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းဖြစ်ပါတယ်။

သူမဟာ ငယ်စဉ်ကဘောလီးဝုဒ်ရုပ်ရှင်စတားတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမဲ့ ချစ်သူရဲ့ လှည့်စားမှုကို ခံရပြီး
ပြည့်တန်ဆာအဖြစ် ရောင်းစားခံလိုက်ရပါတော့တယ်။

ထက်မြက်တဲ့မိန်းမတစ်ယောက်ဟာခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဆိုင်ပြီး ပြည့်တန်ဆာခေါင်းအဖြစ်ရှင်သန်ရပ်တည်လာတဲ့နောက်မှာ ယဉ်ကျေးမှုအစဉ်အလာအားကြီးတဲ့အိန္ဒိယနိုင်ငံရဲ့ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းက နှစ်တစ်ရာလောက်ရပ်တည်လာတဲ့ သူမတို့ ပြည့်တန်ဆာအိမ်က အမျိုးသမီး ၄၀၀၀ရဲ့ ဘဝတွေကို တိုက်ခိုက်ရန်စလာတဲ့အခါ…

အနာဂတ်ကိုဆက်လျှောက်ရမယ့် ကလေးတွေနဲ့ ပြည့်တန်ဆာတစ်ယောက်မှာလည်း ရသင့်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပညာသင်ခွင့်နဲ့ အခွင့်အရေးအတွက် သူမဘယ်လိုရင်ဆိုင်သွားမလဲ။

“ယောကျာ်းတွေက လူသေကောင်နဲ့ဆိုရင်တောင် ယုံရတာမဟုတ်ဘူး”ဆိုတဲ့ နာကျင်နေတဲ့သူမစကားရဲ့နောက်မှာ ရှုံ့ချမှုတွေ၊ ဒဏ်ရာတွေကို သူမဘယ်လိုကြံ့ကြံ့ခံမလဲ။ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။

အောက်ပါ Link မှဒေါင်းပါ

👇👇👇
Download Link

365 Days This Day - 2022 မြန်မာစာတန်းထိုး HD

IMDb Rating - 7.0/10

အချစ်အနမ်း ခပ်ကြမ်းကြမ်းအခန်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ 365 DNI ရဲ့ အဆက် 365 Days This Day ဆိုတဲ့ နာမည်နဲ့ ထပ်ထွက်လာပါပြီ။

ဒီဇာတ်ကားမှာလည်း ပုရိသတို့အကြိုက် Masimo & Laura တို့အပြင်
တစ်ခြားအလန်းစား ပြိုင်ဘက် Mafia Gang က ဇာတ်ကောင်အသစ်တွေပါ
ပါလာပါတယ်။

ပထမကားမှာ ဥမင်လှိုင်ခေါင်းတစ်ခုမှာ ပြိုင်ဘက် ဂိုဏ်းရဲ့တိုက်ခိုက်မှုကိုခံခဲ့ရတဲ့ လော်ရာ ဟာ ကိုယ်၀န်ပျက်ကျသွားရကနေ စပါတယ်။

ဒါပေမယ့် ဒီကိစ္စကို မာစီမိုကို မပြောထားခဲ့ပဲ သာမန်ဘ၀အဖြစ်ဖြတ်သန်းဖို့
လော်ရာက ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမယ့် မာစီမိုရဲ့ ပျောက်နေတဲ့ ညီ
ပေါ်လာခဲ့တဲ့အပြင်… ပြိုင်ဘက် မာဖီးယားဂိုဏ်းရဲ့ နှောက်ယှက်တိုက်ခိုက်မှုတွေ
ကြားမှာ မာစီမို နဲ့ လော်ရာတို့ နှစ်ယောက် ဘယ်လိုကြံ့ကြံ့ခံဖြတ်သန်းသွားမလဲဆိုတာဆက်လက်ကြည့်ရှုရမှာပါ။

365 ကားရဲ့ထုံးစံအတိုင်း Nude scene တွေအများကြီးကို Soundtrack
အငြိမ်လေးတွေနဲ့ တစ်၀ကြီးကြည့်ရမှာပါ။

👇👇👇👇👇
Download Link
👆👆👆👆👆

Drag Me To Hell - 2009 မြန်မာစာတန်းထိုး HD

IMDb Rating - 6.7/10

ကျိန်စာတိုက်တယ် ပြုစားတယ်ဆိုတဲ့စကားက မြန်မာ့အသိုင်းအဝိုင်းမှာ နားလည်ရခက်တဲ့ စကားမျိုးမဟုတ်ပါဘူး

အမေရိကန် supernatural horror ရုပ်ရှင်ရိုက်ကူးရေးကနေ ဒါရိုက်တာ Sam Raimi ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာ အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်က ဇနီးမောင်နှံဆီက ဂျစ်ပစီငွေ လည်ဆွဲပျောက်ဆုံးပြီးထဲက မကောင်း ဆိုးဝါးအသံတွေကိုကြားခဲ့ရတယ်…

ဒီအသံတွေက ဒီမှာတင်ရပ်သွားလားဆိုတော့ ဘယ်ရပ်လိမ့်မလဲ ကလေးကိုမြေအောက်ငရဲထိဆွဲခေါ်သွားခဲ့ရာကနေ…သမိုင်းစခဲ့တယ်

အခုလက်ရှိခေတ် မှာတော့ လော့အိန်ဂျလိစ့် က ဘဏ်တခုမှာအစပျိုးပြန်လည်အသက်ဝင်လာခဲ့ပါတယ် ကျိန်စာတခု ရဲ့နောက်ကွယ်မှာ ဘာတွေဆက်ဖြစ်လာမလဲ….

ညဖက်တယောက်ထဲ မကြည့်သင့်တဲ့ကားမျိုးဖြစ်ပြီးတော့ညကျကြည့်မယ်ဆိုရင် ၃-၄ယောက်လောက်စုကြည့်ရမယ့် ကား ကောင်းတကားဖြစ်တယ်လို့ပဲ ညွှန်းပါရစေ…..

👇👇
Download Link
👆👆

Drive - 2011 မြန်မာစာတန်းထိုး HD

IMDb Rating - 7.8/10

လော့အိန်ဂျယ်လိမှာအမည်မသိရတဲ့…
လျှို့ဝှက်သိုသိပ်တဲ့ လူတစ်ယောက်ရှိပါတယ်။

သူ့ရဲအလုပ်က ကားပြင်တယ် ..
ဟောလိဝုဒ်မှာ စတန့် ကားသမားလုပ်တယ်.. အထူးခြားဆုံးက ဓားပြတိုက်တဲ့သူတွေကို ကားလိုက်မောင်းပေးတာပဲ…

ဓားပြတိုက်ဖို့ ကားငှားရင်  သူပြောလေ့ရှိတဲ့စကားရှိတယ်…အဲ့ဒါက “ကျွန်တော့်ကို အချိန်နဲ့နေရာကိုသာပြော ခင်ဗျားကို ၅မိနစ်နဲ့ အရောက်ပို့ပေးမယ် ဒီ ၅မိနစ်အတွင်းမှာ ဘာပဲဖြစ်လာကျွန်တော့် တာဝန်ထား ငါးမိနစ်ကျော်သွားတဲ့အချိန်မှာ ဖြစ်လာတာကတော့ ခင်ဗျား ကိစ္စပဲ”

ဇာတ်လမ်းက အစကထဲက ဆွဲဆောင်မှုရှိတယ်…

Ryan Glosing ကသွားကြားထိုးတံကိုအမြဲကိုက်ထားပြီး အရယ်အပြုံးကင်းမဲ့လွန်းတဲ့မျက်နှာပေးနဲ့ ..

စကားပြောရင်လည်း လိုတာထက်ပိုမပြောတတ်တဲ့သူ…

ဇာတ်လမ်းက ဇာတ်ကွက်ပိုင်းရော ကောင်းတဲ့အပြင် Sound Editing ပိုင်းကလည်း အော်စကာဆန်ကာတင်စာရင်းတောင်ပါခဲ့သေးတယ်…

ဒီကားက နည်းနည်းလေးတောင်  spoiler လာမလုပ်သင့်တဲ့ကားမို့ ဒီမှာတင်ရပ်ပါရစေ…

တစ်ခုတော့ပြောချင်တယ်…ဒီလိုကားမျိုးတွေကိုမျက်နှာကြီးရှုံပြီးဖိုက်တာကျပြတဲ့သူတွေကိုကြည့်စေချင်တယ်…

👇👇👇
Download link

Headshot - 2016 မြန်မာစာတန်းထိုး HD

IMDb Rating - 6.3/10


မကောင်းမှုတွေကြားထဲမှာသာ ကြီးပြင်းလာတဲ့ကောင်လေးတစ်ယောက်ဟာ တစ်နေ့တော့ သူတို့အဖွဲ့ရဲ့ လက်ချက်နဲ့ဦးခေါင်းမှသေနတ်ဒဏ်ရာရပြီး ဆေးရုံကိုရောက်လာပါတယ်

ခေါင်းကဒဏ်ရာကြောင့် အတိတ််မေ့ပြီး ဘဝမှာမကြုံတွေ့ဖူးတဲ့ ဆရာဝန်မလေးရဲ့ နွေးထွေးမှုတွေကိုခံစားမိပြီးတယောက်နဲ့ တစ်ယောက်သံယောဇဉ်တွယ်သွားပါတော့တယ်

အတိတ်က ကျန်ရှိနေခဲ့သေးတဲ့ ပြသနာတွေကြောင့် ဆရာဝန်မလေးဟာ ဓါးစာခံအဖြစ်ဖမ်းဆီးခြင်းခံရတာကြောင့် မင်းသမီးကိုလိုက်လံကယ်တင်ပါတော့တယ်

ဒီကားကသွေးသံရဲရဲ သတ်ခန်းဖြတ်ခန်းတွေကို အားပါးတရကြည့်ရမှာဖြစ်ပြီး အချစ်ဆိုတဲ့အရာက အရာရာကိုပြောင်းလဲစေနိုင်ကြောင်းကိုလဲ ကြည့်ရမှာဖြစ်ပါတယ်

အချစ်ခန်းကြိုက်ခန်းတွေကိုလဲ ထည့်သွင်းထားတာကြောင့် အလှည့်အပြောင်းလေးတွေနဲ့ ရသပေါင်းစုံ ပါဝင်နေတာကြောင့် နှစ်သက်သဘောကျမှာအမှန်ပါပဲ

နာမည်ကြီးခဲ့တဲ့ The Raid ထဲက မင်းသား Iko Uwais က ခေါင်းဆောင်ရိုက်ကူးထားတာကြောင့် အက်ရှင်ကား ခပ်ကြမ်းကြမ်းကိုမှ ကြိုက်တယ်ဆိုတဲ့သူတွေကတော့ လက်မလွတ်တမ်းကြည့်ရှူသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်ဆိုတာကိုတော့ ပြောပြလိုက်ပါရစေဗျ
👇👇👇
Download Link
👆👆👆

King Arthur Legend Of The Sword - 2017 မြန်မာစာတန်းထိုး HD

IMDb Rating - 6.7/10


ဇာတ်လမ်းကျောရိုးကတော့ အင်္ဂလန်ရဲ့ နာမည်အကြီးဆုံး ပုံပြင်တွေထဲက အာသာဘုရင်ရဲ့ဇာတ်ကြောင်းပါပဲ။

ဒီဇာတ်ကြောင်းကိုပဲ အမျိုးမျိုးပြုပြင်ဖန်တီးပြီး ရိုက်ကူးထားကြတဲ့ကားတွေ မနည်းပါဘူး။

ဒီရုပ်ရှင်ထဲမှာတော့ ဘုရင်အူသာ ပန်ဒရက်ဂွန် လုပ်ကြံခံရပြီး သူ့ရဲ့ညီ ဗော်တီဂန်က ထီးနန်းကို သိမ်းပိုက်ထားတယ်။

အာသာလေးက ကလေးကတည်းကထွက်ပြေးတိမ်းရှောင်နေရပြီး သူ့ကိုယ်သူ ဘုရင်လောင်းမှန်းမသိဘူး။

မှော်ဆရာမာလင်ပေးခဲ့တဲ့ အိတ်စ်ကာလီဘာ မှော်ဓားဟာ အာသာအရွယ်ရောက်လာချိန်မှာ အလိုလိုပြန်ပေါ်လာပြီး ထုံးစံအတိုင်း ကျောက်တုံးထဲစိုက်နေ နှုတ်မရဖြစ်နေပါတယ်။

ဘုရင်ဗော်တီကန်က အာသာရှိနေမယ့် အသက်အရွယ် ပတ်ဝန်းကျင်လူငယ်အားလုံးကို ဒီဓားကို စမ်းသပ်ပြီး ဆွဲနှုတ်ခိုင်းတဲ့နည်းနဲ့ အာသာကို လိုက်ရှာပါတော့တယ်။

အာသာမှော်ဓားကို ဆွဲနှုတ်နိုင်သွားချိန်နောက်ကစပြီး ဘုရင် ဗော်တီဂန်န် နဲ့ အာသာတို့ စတင်ရင်ဆိုင်မိပါတော့တယ်။ ဒီအာသာဗားရှင်းမှာတော့ မှော်ပညာတွေ သတ္တဝါဆန်းကြီးတွေ ထည့်သွင်းထားပါတယ်။

ရုပ်ရှင်ကောင်းတစ်ခုပဲမို့ ကြည့်ကြည့်လိုက်ကြပါတော့။

👇👇👇
Download Link
👆👆👆

The Magician - 2015 မြန်မာစာတန်းထိုး HD

IMDb Rating - 5.9/10


တော်တော်များများမကြည့်ဖူးသေးတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကိုရီးယား နန်းတွင်းဇာတ်ကားလေးတစ်ကားကိုတင်ပေးလိုက်ပါတယ်ဗျာ။

နယ်စပ်မြိုလေး တစ်မြိုက နာမည်ကြီး မျက်လှည့်ဆရာလေးနဲ့ တရုတ်ပြည်ကို ဆက်သခံရတဲ့ တော်ဝင်မင်းသမီးလေးတို့
မတော်တဆ ဆုံတွေ့ခဲ့ကြရာက မေတ္တာမျှသွားခဲ့ကြတယ်…

မတူညီတဲ့ဘဝ အခြေအနေတွေနဲ့ အတိတ်ရန်ကြွေးတွေက သူတို ၂ယောက်ကြား ဝင်ရောက်လာတဲ့အချိန်မှာတော့…

ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ အရာတွေ ဖြစ်လာမလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်နော်..

👇👇👇

🚨Download Link

Bypass Road - 2019 မြန်မာစာတန်းထိုး HD

IMDb Rating - 5.6/10

ဘောလီဝုဒ်ဖန်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့ Mystery, Thriller ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ

ဇာတ်လမ်းလေးကတော့ …ဖက်ရှိုးမန်နေဂျာတစ်ယောက်ဖြစ်တဲ့ ဗစ်ကရမ်ကပူးလ်ဟာဆိုးရွားတဲ့ကားတိုက်မှုတစ်ခုဖြစ်သွားပါတယ်

ထိုညမှာပဲ သူ့ဖက်ရှင်ရှိုးတွေက ဖက်ရှင်မော်ဒယ်တစ်ဦးဖြစ်သူ ဆာရာကလည်း သူ့ကိုယ်သူသတ်သေသွားပါတယ်တဲ့

ဒါပေမဲ့ ရဲတပ်ဖွဲ့နဲ့ ဆာရာ့မိဘတွေကတော့ သူ့သမီးသတ်သေတာမဟုတ်ဘဲ အသတ်ခံရတာပါလို့ထွက်ဆိုထားပါတယ်

ပြီးတော့ ဗစ်ကရမ်နဲ့ ဆာရာကလည်း ဇာတ်လမ်းမရှင်းရှင်းတွေထွက်ထားဖူးတာကြောင့် ဗစ်ကရမ်ကရော တကယ်ပဲ မတော်တဆဖြစ်ခဲ့တာလား

လုပ်ကြံခံရတာလား ဆာရာကရော သူ့ကိုယ်သူသတ်သေခဲ့တာလား
တစ်ယောက်ယောက်က သတ်ခဲ့တာလား ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေမလဲ …

ဒါတွေကိုတော့ ဆက်လက်ကြည့်ရှု့ပြီး အဖြေထုတ်လိုက်ပါတော့

👇👇👇
Download link
👆👆👆

Central Intelligence - 2016 မြန်မာစာတန်းထိုး HD

IMDb Rating - 6.3/10



ဒီဇာတ်ကားက Comedy ကြီးသက်သက်ကို ဒီတိုင်းပြရင်တောင် ဒီလောက်ရီရမှာမဟုတ်ပဲ အခုလို CIA Agent တစ်ယောက်ကသူငယ်ငယ်တုန်းကခင်ခဲ့တဲ့ ငယ်သူငယ်ချင်းကို သူ့ Case ထဲအတင်းဆွဲသွင်းပြီး ရုပ်တည်ကြီးနဲ့ ပေါက်ကရတွေပါလုပ်တာကြောင့် ကြည့်ရှုတဲ့လူကိုတော်တော် Entertain ဖြစ်စေတာအမှန်ပါပဲ။

ဒီဇာတ်ကားမှာတကယ့် Star ကတော့ Dwayne Johnson ပါပဲ။သူ့ရဲ့ ဗလကြီးကြီး Body ကြီးနဲ့ Unicorn ပုံပါတဲ့အင်္ကျီတွေဝတ် ၊ ဖိနပ်အဝါကြီးစီးပြီး ရုပ်တည်ကြီးနဲ့ ဟာသတွေလုပ်နေတာကတော့ တော်တော်ရီရပါတယ်။

အချုပ်ပြောရရင်တော့ Central Intelligence ဟာကြည့်ရှုသူကိုပေါ့ပေါ့ပါးပါးနဲ့ ရီစရာတွေပေးပြီး Entertain ဖြစ်စေမဲ့ဇာတ်ကားတစ်ကားထက်တော့မပိုပါဘူး။

ကြည့်နေတုန်းရီစရာတွေ ပျော်စရာတွေပေးတဲ့အတွက်ကြောင့် အလုပ်တွေပင်ပန်းလို့ ပေါ့ပေါ့ပါးပါးနဲ့ ရီစရာကောင်းတဲ့ဇာတ်ကားတစ်ကားကြည့်ချင်တယ်ဆိုရင်တော့ Central Intelligence ကအချိန်ပေးရကျိုးနပ်မဲ့ဟာသကားတစ်ကားပါပဲ။

👇👇👇
Download Link
👆👆👆

Beast - 2022 မြန်မာစာတန်းထိုး HD

IMDb Rating - 5.8/10



သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့
မင်းသားကြီး ဗီဂျေးရဲ့ Beast ကားသစ်လေးလာပါပြီ

ဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကို လုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက်…
 
အတော်လက်ရဲဇက်ရဲနိုင်ပြီးအသတ် အဖြတ် ရက်စက်တဲ့ သားရဲကြီးရော(RAW) အေးဂျင့်ဟောင်းဗီရ်ရာဂဗ်…

တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကို စိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်…
 
တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကို အကြမ်းဖက်သမားတွေက ဝင်စီးတယ်..

ဖြစ်ချင်တော့ မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ်…ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက် အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး
ကယ်လို့မရဘူးဖြစ်နေတယ်…
 
အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာ သိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ်…

ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက်အကြမ်းဖက် သမားတွေကြားထဲမှာ တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ….

ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေ အများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦး

👇👇👇
Download Link 1

Download Link 2
👆👆👆

 


ဒီတစ်ခါတော့ အမေနဲ့ ဟန်းနီးမွန်း ထွက်ကြည့်ကြရအောင်ပါ။မင်္ဂလာဆောင်မှာ ကတိသစ္စာပြုတော့မယ့်ဆဲဆဲ သတို့သမီးကို သူ တကယ်ချစ်ရတဲ့သူက အချစ်သူရဲကောင်းဆန်ဆန် လာခေါ်သွားတဲ့ ဇာတ်ဝင်ခန်းမျိုး ကြည့်ဖူးကြမှာပါ။ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကြီးကတော့
ကြောင်တောင်တောင်နဲ့ ကျန်ရစ်ဖြစ်ခဲ့ရတဲ့ သတို့သားကြီး ဟိုဆေးလူးဝစ်ပါ။ မင်္ဂလာပွဲ ကုန်ကျ စရိတ်လည်းဆုံး သတို့သမီးလည်းဆုံး ဖြစ်နေတဲ့ ဟိုဆေးတစ်ယောက် ဟန်းနီးမွန်းအတွက် ပေးထားတဲ့ ပိုက်ဆံကလည်း
ပြန်အမ်းခိုင်းလို့မရ ဖြစ်ရာကနေ သူ့အမေရဲ့ အကြံအတိုင်း
အမေနဲ့အတူ ဟန်းနီးမွန်းထွက်ဖို့ ဖြစ်လာပါတော့တယ်။
သားအမိနှစ်ယောက် မော်ရေးရှပ်စ်ကျွန်းကို ဟန်းနီးမွန်းထွက်ကြရင်း ဇနီးမောင်နှံဟန်ဆောင်ကြရပုံတွေ တလွဲဖြစ်ကြပုံတွေကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့အပြင် သားအမိတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နားလည်မှုအလွဲတွေ
အမေတစ်ယောက်ရဲ့ ခံစားချက်တွေကိုပါ မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းလေး ဖြစ်တာကြောင့်
ကြည့်ရှူခံစားလိုက်ကြပါဦး။

👇👇👇
Watch link

Download Link
👆👆👆

Thar - 2022 မြန်မာစာတန်းထိုး HD

IMDb Rating - 6.2/10



ဆူရေခါဆင်းကတော့ မူနာဘာအိုရွာလေးမှာ အကြာကြီး တာဝန်ထမ်းဆောင်လာခဲ့ပြီး လပိုင်းအတွင်းမှာ အငြိမ်းစားယူတော့မယ့် အင်စပတ်တာ တစ်ယောက်ပါ။

တစ်နေ့မှာတော့ အဲဒီနယ်မြေမှာ အိမ်တစ်အိမ်ကို ဂိုဏ်းတစ်ခုက ဝင်ရောက်လုယက်ပြီးအိမ်သားတွေကို သတ်ဖြတ်ကာ ပစ္စည်းဥစ္စာတွေကိုပါ ယူသွားပါတော့တယ်။

အဲဒီအမှုဖြစ်ပြီး နောက်တစ်နေ့မှာပဲ ဆူဗာလို့ခေါ်တဲ့ ရွာသားတစ်ယောက်ရက်ရက် စက်စက်နှိပ်စက်ပြီး သတ်ခံရပြန်ပါတယ်။

အင်စပတ်တာ ဆူရေခါဆင်းတစ်ယောက် ဒီအဖြစ်အပျက်တွေ စုံစမ်း ဖော်ထုတ်ဖို့ ကြိုးစားနေချိန် ဆစ်ဒါလို့ခေါ်တဲ့
ရှေးဟောင်းပစ္စည်း ရောင်းဝယ်ရေးသမားတစ်ယောက်ဟာ မူနာဘာအိုရွာလေးကို အလုပ်သမားရှာဖို့ ရောက်လာခဲ့ပါတယ်

လူသတ်မှုတွေကို ဖြေရှင်းဖို့ အထက်က ဖိအားပေးခြင်းခံနေရတဲ့ အင်စပတ်တာ ဆူရေခါတစ်ယောက် အမှုကို စုံစမ်းရင်းကနေ လူသတ်မှုတွေဟာ မူးယစ်မှောင်ခို ရောင်းဝယ်ရေးတွေနဲ့ ပတ်သက်နေမှန်းသိလိုက်ရပါတော့တယ်

မြို့ကိုရောက်လာတဲ့ မျက်နှာစိမ်း ဆစ်ဒါနဲ့ရော ပတ်သက်နေမလား ဆူရေခါဆင်းကရော လူသတ်မှုတွေရဲ့ တရားခံနဲ့ အကြောင်းရင်းမှန်ကို ဖော်ထုတ်နိင်မလားဆိုတာ...

ကြိုက်ရာLinkမှဒေါင်းပါ

👇👇👇

🚨Link-1

🚨Link-2

RRR - 2022 မြန်မာစာတန်းထိုး HD

IMDb Rating - 8.4/10



 
1920 ခုနှစ် အိန္ဒိယနိုင်ငံကို ဗြိတိသျှအစိုးရ အုပ်ချုပ်နေစဥ်အခါက မြို့စားမင်း စကော့နဲ့ အမျိုးသမီးဖြစ်သူ ကတ်သရင်းတို့ဟာ အာသီလာဘတ်တောအုပ်ထဲကိုသွားရင်း မာလီဆိုတဲ့ ကလေးလေးတစ်ယောက်ကို အဆိုကောင်းတာကြောင့် မတရား ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်
 
မာလီရဲ့ အစ်ကိုဖြစ်တဲ့ ဘင်းတစ်ယောက်ကတော့ သူ့ညီမလေးကို ကယ်ဖို့အစွမ်းကုန်ကြိုးစားနေရင်း တစ်နေ့ ရာမာ(ရမ်) နဲ့ ဆုံခဲ့ပါတယ်

သူတို့နှစ်ယောက် အလုပ်အတူတူလုပ်ရင်းနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့ကြတာပေါ့ သို့သော် ဘင်းမသိခဲ့တဲ့ ရမ်ရဲ့အကြောင်းကတော့ ရမ်ဟာ အင်္ဂလိပ်တွေအတွက် အလုပ်လုပ်ပေးနေတဲ့ ရဲအရာရှိတစ်ယောက် ဖြစ်နေခဲ့တာပါ

ရမ်က ရဲသားတစ်ယောက်ဖြစ်တဲ့အပြင် ကိုယ့်လူမျိုးတွေကိုပါ ညှာတာခြင်းမရှိ နှိပ်စက်သတ်ဖြတ်နိုင်တဲ့သူတစ်ယောက်ပါ ဒါပေမဲ့ သူ့မှာလည်း လျှို့ဝှက်ချက်တွေအများကြီးရှိနေခဲ့ပါတယ်

ဗြိတိသျှအစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့အတူ အဖိနှိပ်ခံပြည်သူတွေရဲ့ ဇာတ်ကြောင်းနဲ့ ဘဝတွေကို အကောင်းဆုံးရိုက်ပြထားတဲ့ဇာတ်ကားကောင်းတစ်ကောင်းဖြစ်တာကြောင့် အခုပဲ ကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ်ဗျ

👇👇👇
🚨Download Link-1

🚨Download Link 2

The Girl on a Bulldozer - 2021 မြန်မာစာတန်းထိုး HD

IMDb Rating - 6.0/10



လူကောင်သေးသေးလေး နဲ့ မိုက်တဲ့ ဖိုက်တာအစ်မကြီးရဲ့ ဘူဒိုဇာ မောင်းတဲ့ကား လေး တင်ဆက်ပေးပါဦးမယ်

ကိုယ်မဟုတ်ရင် နည်းနည်းမှ အထိမခံတဲ့ ဂူဟယ်ယောင်းဟာ အကြမ်းဖက်မှုနဲ့ ကျောင်းထွက်လိုက်ရပါတယ်

အဲဒီနောက်မှာတော့ အ ဖေဖြစ်သူ ရဲ့ ရုတ်တရက်ဖြစ်သွားတဲ့ ယာဥ်တိုက်မှု နောက်ကွယ်က အကြောင်းအရင်းကို လိုက်စုံစမ်းရင်းနဲ့ အမှန်တရားကိုသိသွားပါတော့တယ်

အသက် ၁၉ နှစ်ပဲ ရှိသေးလို့ မယောင်မလည်နဲ့ စုံစမ်းတဲ့ နေရာမှာတောင် ဒေါသကို ရှေ့တန်းတင်တဲ့ ကောင်မလေးဆိုပေမယ့်
မောင်ဖြစ်သူကို တော့ အစ်မကြီးပီပီ ဂရုတစိုက်နဲ့ ချစ်တတ်ပါသေးတယ်

Sky Castle ထဲက မင်းသမီး Kim Hye Yoon အပြင် စုံထောက်အဖြစ် Super Junior’s Ye Sung လည်းပါဝင်ထားပါတယ်

Kim Hye Yoon ရဲ့ ကာရိုက်တာနဲ့တစ်သား တည်းကျအောင် တင်ဆက်သွားမလဲ ဘယ်လိုတွေ ကြမ်းသွားမလဲဆိုတာကို ကြည့်ရှုပေးကြပါဦးနော်

👇👇👇
Download Link-1

Download Link-2

Download Link-3

127 Hours - 2010 မြန်မာစာတန်းထိုး HD

IMDb Rating - 7.6/10



ဒီတစ်ခါတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဗျ

လမ်းလျှောက်သမား အာရွန် ရဲ့ ခရီးရှည်လမ်းလျှောက် မှုမှာကြုံတွေ့ရတဲ့ မတော်တဆ ဖြစ်ရပ်ကိုရိုက်ကူးထားတာဖြစ်ပြီးတော့ အာရွန်တယောက် အသက်ရှင်ဖို့ အတွက်ရုန်းကန်မှုတွေကို ရင်တသတ်သတ်နဲ့ကြည့်ရှူကြရမှာဖြစ်ပါတယ်

Canyonland ကာကွယ်တောကို အာရွန်တယောက် ခရီးရှည်လမ်းလျှောက် ရန်ထွက်လာခဲ့ပြီး တောထဲကိုဝင်ရောက်လာခဲ့ပါတယ်

လမ်းမှာလမ်းပျောက်နေတဲ့ ခရီးသွားဖော် မိန်းမချောလေး ၂ယောက်နဲ့ တွေ့မိခဲ့ပြီး လမ်းပြခဲ့ကာ အာရွန်တယောက်ခရီးဆက်ခဲ့ပါတယ်

ဒီလိုနဲ့မထင်မှတ်ထားတဲ့ ကံဆိုးမှုတစ်ခုကြောင့် အာရွန်တယောက် လျှိုထဲကို ချော်ကျသွားခဲ့ပြီး လက်က ကျောက်ဆောင်ကြားထဲကို ညှပ်သွားပါတော့တယ် ကဲ အာရွန်တယောက်သူ့လက်ထဲမှာရှိတဲ့ ခရီးသွား အသုံးအဆောင်ပစ္စည်းလေးတွေနဲ့လွတ်မြောက်အောင် စွမ်းဆောင်နိုင်ပါ့မလား

ဘယ်လိုများလွတ်မြောက်သွားမလဲ
အစာငတ်ရေငတ်နဲ့ ဒီ ၁၂၇ နာရီကိုကောတောထဲမှာတယောက်ထဲ ဘယ်လိုများဖြတ်သန်းခဲ့သလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ

👇👇👇

🚨Link-1

 Thittam Irandu - 2021 မြန်မာစာတန်းထိုး HD

IMDb Rating - 7.4/10



Plan B လို အမည်ရတဲ့ Tamil ဇာတ်ကားလေးပါ…SonyLIV ကနေ အသစ်ထုတ်လွှင့်ပြသသွားခဲ့တဲ့ Crime,Thriller,Drama ဇာတ်ကားဖြစ်ပါတယ်…

ဒီဇာတ်ကားရဲ့ လှည့်ကွက်တချိုက ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့စေခဲ့ပါတယ်…

ဇာတ်လမ်းကတော့…
အာဒီရားနဲ့ ဆူရီယားတိုက သိပ်ချစ်ကြတဲ့ ငယ်သူငယ်ချင်းတြွေဖစ်ပါတယ်..

အာဒီရားက ရဲမေ..ဆူရီယားကတော့ အိမ်ထောင်ကျပြီး ခင်ပွန်းနဲ့အတူနေတယ်

တစ်ရက်မှာ…
ဆူရီယားရဲ့ခင်ပွန်းဖြစ်သူက ဆူရီယားပျောက်နေကြောင်းအိမ်ကို လုံးဝ ပြန်မလာတော့ကြောင်း အာဒီရားကို ဆက်သွယ်အကြောင်းကြားလာပါတယ်…

အာဒီရားကလဲ သူ့သူငယ်ချင်းပျောက်တဲ့ကိစ္စကို စုံစမ်းရင်း စုံစမ်းရင်းနဲ့
တောအုပ်နားတစ်ခုမှာ ကားတစ်စီးမီးလောင်ပျက်စီးနေပြီး မောင်းလာတဲ့သူကလည်း သေဆုံးနေတာကို တွေ့လိုက်ရတယ်…

သေဆုံးသူဟာ ဆေးမှတ်တမ်းစစ်ဆေးမှုများအရ ဆူရီယားရဲ့ အလောင်းဖြစ်နေကြောင်း သိလိုက်ရပါတယ်…

ဒါပေမယ့် ဒီသေဆုံးမှုရဲ့နောက်ကွယ်မှာ မမြင်ရတဲ့လျှိဝှက်ချက်ကြီးက လှည့်ကွက်အပြည့်တွေနဲ့မို ကြည့်ရှုသူတွေအနေနဲ့ ထိုင်ရာမထ ကြည့်ရှုရမယ့် ဇာတ်ကားမျိုးပါ…

ကြိုက်ရာLinkမှဒေါင်းပါ

👇👇👇

🚨Link-1

🚨Link-2

🚨Link-3

Double World - 2020 မြန်မာစာတန်းထိုး HD

IMDb Rating - 6.1/10



အလယ်ပိုင်းလွင်ပြင်မှာ တောင်ပိုင်းဇောင်နဲ့ မြောက်ပိုင်းယန်တို့ကြား နှစ်ပေါင်းများစွာ စစ်ဖြစ်ခဲ့ကြတယ်၊

တိုက်ပွဲက အနိုင်အရှုံးမရှိခဲ့ဘဲ နောက်ဆုံးမှာတော့ နှစ်ဘက်စလုံးဟာ ငြိမ်းချမ်းရေး သဘောတူညီမှု ရခဲ့ကြတယ်၊

ဒါပေမဲ့ ဒီငြိမ်းချမ်းရေး သဘောတူညီမှုဟာ ဆယ်နှစ်တာပဲ ခံခဲ့ပါတယ်၊

မြောက်ပိုင်းယန်ရဲ့ ဘုရင်အသစ် နန်းတက်လာတဲ့အချိန်မှာတော့ တောင်ပိုင်းဇောင်ကိုဆက်လက်သိမ်းပိုက်ချင်ခဲ့တယ်၊

အလယ်ပိုင်းလွင်ပြင်မှာ သွေးချောင်းစီးမဲ့ စစ်ပွဲကြီးကို ထပ်မံ မြင်တွေ့ရတော့မှာပါ၊

မြောက်ပိုင်းယန်ကလူတွေက တောင်ပိုင်းဇောင်ရဲ့ ဘုရင်ကို လုပ်ကြံဖို့ကြိုးစားလာပါတယ်၊

ဒါကြောင့် တောင်ပိုင်းဇောင်ဟာ စစ်ပွဲအတွင်း စစ်သူကြီးနေရာကို ရွေးချယ်ဖို့အတွက် မျိုးနွယ်စု ရှစ်စုလုံးက စစ်သည်တော်တွေကို ဆင့်ခေါ်ခဲ့ကာ လူရွေးပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်၊

အဲ့ဒီနောက်မှာတော့….

Fight Scene တွေ အတော်မိုက်…

တရုတ်အက်ရှင်ကားကောင်းကြိုက်သူတွေတော့ လုံးဝ ဒေါင်းရကျိုးနပ်စေရပါလိမ့်မယ်….

👇👇👇

🚨Link-1

🚨Link-2

 


Shut In - 2022 မြန်မာစာတန်းထိုး HD

IMDb Rating 6.1/10

Horror Mystery အမျိုးအစားဖြစ်ပြီး ရင်တထိတ်ထိတ်နဲ့ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့မယ့်ကားလေးပါပဲ

ဂျက်ဆီကာဟာ Single Mother ဖြစ်ပါတယ် လက်ရှိနေနေတဲ့အိမ်ကြီးကတေ ပြောင်းဖိုပြင်ဆင်နေတုန်းမှာ မီးဖိုချောင်စတိုးခန်းထဲမှာ တံခါးလော့ကျပြီး ပိတ်မိသွားပါတယ်

သမီးလေးကလည်း အရမ်းငယ်သေးလို့ မကူပေးနိုင်ဖြစ်နေတဲ့အချိန်မှာ ရည်းစားဟောင်းဖြစ်သူ ရော့ရောက်လာပြီး လာဖွင့်ပေးသွားပါတယ်

ရော့နဲ့တူတူ ဆမ်မီဆိုတဲ့သူပါ ပါလာပြီး နှစ်ယောက်သား ဆေးတွေကွဲနေကြတဲ့အပြင် ဆမ်မီက ကလေးတွေကိုဗလက္ကာရကျင့်ဖူးတဲ့ရာဇဝင်ရှိတာကြောင့် ဂျက်ဆီကာက ခါးခါးသီးသီးဖြစ်တာကို ရော့က စိတ်ဆိုးသွားကာ နဂိုစတိုခန်းထဲ ပြန်ထည့်ပြီး သံရိုက်ပိတ်ထားခဲ့ပါတယ်

အိမ်နီးချင်းတွေလည်း မရှိတဲ့အပြင် အပြင်မှာလည်း သမီးအငယ်လေးနဲ့ နိုဘူးစိုတဲ့အရွယ် သားလေးပဲကျန်ခဲ့တာကြောင့် ထွက်ဖို အကူအညီမရနိုင်ပါဘူး

ဂျက်ဆီကာတစ်‌ယောက် အပြင်ကိုထွက်နိုင်ပါ့မလားသူအထဲပါပိတ်မိနေတုန်း အိမ်ကိုရောက်သူတွေရောက်လာပြီး ကလေးတွေကို ဒုက္ခပေးမလဲ

ဂျက်ဆီကာကကော ဘယ်လိုကာကွယ်သွားမလဲဆိုတာတွေကြည့်ရှုရမှာပါ

ကြိုက်ရာLinkမှဒေါင်းပါ

👇👇👇

🚨Link-1

🚨Link-2

 


The Lost City - 2022 မြန်မာစာတန်းထိုး HD

IMDb Rating - 6.5/10

တောတွင်း စွန့်စားခန်းတွေ၊ ရတနာရှာတာတွေကို ဟာသကားအနေနဲ့ ရိုက်ထားတာမို့
ပေါ့ပေါ့ပါးပါးနဲ့ အတော်လေးကြည့်လို့ကောင်းပါတယ်။

လော်ရက်တာဆိုဆိုတဲ့ စာရေးဆရာမဟာ
ကောလိပ်ကျောင်းသူဘဝမှာ ရှေးဟောင်းစာပေတွေကိုလေ့လာခဲ့ပေမဲ့ ခင်ပွန်းဖြစ်သူ ရှေးသုတေသနပညာရှင် သေဆုံးခဲ့ပြီးတဲ့နောက်မှာ ရှေးဟောင်းသမိုင်းတွေကို ရေးသားထုတ်ဝေခဲ့ပေမဲ့ လူကြိုက်မများခဲ့ပါဘူး။

ဒါကြောင့် သမိုင်းနည်းနည်းနဲ့ အဖော်အချွတ်များများ ဆော်ကြိုက်ဘဲကြိုက်
ပေါ်ပင် အချစ်ဇာတ်လမ်းတွေ တွဲရေးလိုက်တဲ့အချိန်မှာမှ အောင်မြင်သွားပါတော့တယ်။

အဲဒီလိုအောင်မြင်လာတဲ့အချိန်မှာပဲ သူ့စာအုပ်ထဲမှာ နည်းနည်းလေးပါနေတဲ့ သမိုင်းအမှန်တွေနဲ့ ရှေးဟောင်းစာပေ ဘာသာပြန်တွေကို အစစ်အမှန်မှန်းသိသွားတဲ့ ရတနာသိုက်မုဆိုးတစ်ယောက်ဟာ လော်ရက်တာကို ဖမ်းပြီး ပျောက်ဆုံးနေတဲ့ရှေးဟောင်းမြို့တော်ရဲ့ ရတနာတွေကိုရှာတဲ့နေရာမှာ အသုံးချဖို့ကြိုးစားလာပါတော့တယ်။

လော်ရက်တာကို ကြိတ်ကြိုက်နေတဲ့ စာအုပ်မျက်နှာဖုံးမော်ဒယ် အလန်ကပါ
နောက်ကနေ စွန့်စားခန်းတွေဖွင့်ပြီး လိုက်ကယ်တင်လာတဲ့အခါ…

ကြိုက်ရာLinkမှဒေါင်းပါ

👇👇👇

🚨Link-1

🚨Link-2

 

War - 2019 မြန်မာစာတန်းထိုး HD

IMDb Rating - 6.5/10



နာမည်ကြီး မင်းသားနှစ်ယောက် အားပြိုင်ထားတဲ့ ဒီဇာတ်ကားကြီးဟာဆိုရင်…. ဘတ်ဂျက်ငွေရဲ့ ၃ဆကျော်ကျော် အောင်ပွဲခံခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းလေး ချရင်လည်း မဖတ်ဘဲ ဒေါင်းကြမှာမို့ သိပ်ပြီး မရေးတော့ပါဘူး။

တိုက်ဂါးနဲ့ ရီသိတ်ဟာ အိန္ဒိယတပ်မတော်သားတွေဖြစ်ပြီး တိုက်ဂါးကတော့ ရီသိတ်ရဲ့ တပည့်အဖြစ်မြင်ရပါမယ်

ရီသိတ်ဟာ လတ်တလောမှာ မစ်ရှင်တစ်ခုကို လုပ်ရင်း တရားခံကို မပစ်ဘဲ ကိုယ့်ဖက်က အရာရှိကို ပစ်သတ်သွားခဲ့တယ်။

သူ ဘာကြောင့် ပစ်ခဲ့တာလဲ….
ဘာကြောင့် သစ္စာဖောက်သွားခဲ့တာလဲ…
သူ့လို တည်ကြည်ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ လူတစ်ယောက် သစ္စာဖောက်သွားတာကို စုံစမ်းဖို့နဲ့ ရှင်းပစ်ဖို့ တာဝန်ပေးခံရသူကတော့… တိုက်ဂါးပါ။

ကဲ…. ဆရာနဲ့ တပည့်….ဘယ်လို ဆက်ဖြစ်ကြမလဲ…..

အမှန်တရားကို ဘယ်လို ဖော်ထုတ်ကြမလဲ…. ဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်ကြပါဦးဗျာ။

ကြိုက်ရာLinkမှဒေါင်းပါ

👇👇👇

🚨Link-1

🚨Link-2

 


IMDb Rating - 5.5/10

သည်းထိတ်ရင်ဖိုကားလည်းဖြစ်၊ လျို့ဝှက်ဆန်းကြယ်အမျိုးအစားလည်းဖြစ်တဲ့
ဒီကားလေးဟာ ၂၀၂၂ ခုနှစ်မှာထွက်ရှိလာတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။

Escape Room လိုမျိုး thriller ကားကောင်းကြိုက်နှစ်သက်တဲ့သူတွေ ကြည့်သင့်တဲ့ကားလေးဖြစ်ပြီး ရင်ခုန်လှိုက်မောမှုနဲ့ နားမလည်နိုင်ခြင်းတို့ ဒွန်တွဲပြီးကြည့်ရမယ့် သည်းထိတ်ရင်ဖိုကားလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်း၊ ဇာတ်ကွက်အနေနဲ့လည်း မ‌ဆိုးလှသလို ဇာတ်ကောင်တွေရဲ့သရုပ်ဆောင်တွေကလည်း အသည်းတယားယားဖြစ်ချင်စရာမျိုးဖြစ်အောင် ကောင်းမွန်ပါတယ်။

ဇာတ်လမ်းရဲ့အစမှာတော့ မိမိဘာသာယမန့်နေက တစ်နေရာရာမှာ အိပ်မောကျမိသွားတဲ့သူတွေ ဘယ်နေရာကမှန်းမသိတဲ့ ပြောင်းခင်းကျယ်ကြီးထဲ ရောက်သွားရာကနေ စတင်ပါတယ်။

အဆိုပါပြောင်းခင်းကြီးဟာ လူလုပ်ပြောင်းခင်အတုကြီးလား၊ တကယ့်ပြောင်းခင်းအစစ်လား။

ပြောင်းခင်လိုနေရာမျိုးမှာ Escape Room လိုမျိုး ဇာတ်ကွက်ကို ဘယ်လိုဖော်ဆောင်သွားမလဲ ဘယ်လောက်တောင် ဇာတ်ရှိန်တက်ပြီး ကြည့်ကောင်းမလဲဆိုတာကိုတော့ Escape The Field 2022 ကားလေးထဲမှာ ခံစားရင်ခုန်လို့ရပါပြီခင်ဗျာ။

ကြိုက်ရာ Link မှဒေါင်းပါ

👇👇👇

🚨Link-1

🚨Link-2

🚨Link-3



IMDb Rating - 7.8/10

"ဆတ်ရာ" ဆိုတာကတော့ စိတ်ကူးအိမ်မက်တွေနဲ့ ပြည့်ဝနေတဲ့ deli ပို့တဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်

အလုပ်ကြိုးစားတဲ့သူဖြစ်တဲ့အပြင် မိခင်အပေါ်မှာလည်း အရမ်းသိတတ်တဲ့ သားလိမ္မာလေးတစ်ယောက်ပါ သူ့မှာ တစ်ဖက်သတ် ကြိတ်ကြွေနေရတဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ်

အစားအစာတွေပို့တဲ့ တာဝန်ပြီးတိုင်း ကောင်မလေးကို သွားသွားခိုးကြည့်နေကျပါ

သို့သော် တစ်နေ့ ဆတ်ရာတစ်ယောက် သူ မကျူးလွန်ခဲ့တဲ အမှုအတွက် ချောက်တွန်းခံရပြီး ထောင်ကျသွားပါတယ် အဲ့ဒီထက်ဆိုးတာကတော့ သူ့မှာ သူအရမ်းချစ်ရတဲ့ မိခင်မရှိတော့ပါဘူး...

ဒီကံကြမ္မာဆိုးက ဆတ်ရာဆီကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်လာခဲ့တာလဲ...

ဆတ်ရာကရော သူ့ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင်လုပ်ခဲ့တဲ့သူတွေကို ဘယ်လိုလက်စားပြန်ချေမှာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့်

Action Thriller ကားကောင်းလေးဖြစ်တာမို့ အခုပဲကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်ဗျာ

ကြိုက်ရာ Link မှဒေါင်းပါ

👇👇👇

🚨Link-1

🚨Link-2


 

IMDb Rating - 6.5/10



ကိုရီးယား sport/drama ကားတွေကိုမှနှစ်သက်ပါတယ်ဆိုရင်တော့ ဒီ IMDB 6.5 ရရှိထားတဲ့ ဒီဇာတ်လမ်းလေးကိုညွှန်းချင်ပါတယ်

ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ နိုင်ငံ့ချန်ပီယံဘိုးလင်းအားကစားသမားတစ်ယောက် ကံကြမ္မာအလှည့်အပြောင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ကားအက်ဆီးဒန့်တစ်ခု…

သုံးမရတော့တဲ့ ခြေထောက်တစ်ဖက်ကြောင့် မြတ်နိုးရတဲ့နိုင်ငံ့အားကစားသမားဘဝကို စွန့်လွှတ်ခဲ့ရပြီး

အရက်သမားဘဝကို လုံးလုံးရောက်ခဲ့ရကာ ဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရပါတယ်

နောက်တစ်ဦးကတော့ ဖခင်ဖြစ်သူရဲ့အမွေ အပေါင်ခံထားရတဲ့ ဘိုးလင်းအားကစားရုံကို ကာကွယ်ချင်တဲ့ မိန်းကလေးတစ်ဦးပေါ့

သူတိုနှစ်ယောက်ပေါင်းပြီး အော်တစ်ဇင်ဖြစ်နေပေမယ့် ဘိုးလင်းအားကစားကို တစ်ဖက်ကမ်းတော်တဲ့

ကောင်လေးတစ်ယောက်ကိုရှာတွေ့သွားတဲ့အခါမှာတော့…

ထုံးစံအတိုင်း လူမိုက်တွေ ဒုစရိုက်သမားတွေရဲ့

ရက်စက်မှုတွေ

လူ့ပတ်ဝန်းကျင်ရဲ့ အမြီးကျက်အမြီးစားခေါင်းကျက်ခေါင်းစားစရိုက်တွေနဲ့အတူ

မေတ္တာတရားကိုပါ ပိုင်ပိုင်နိုင်နိုင်ရိုက်ပြထားတာဖို အားပေးကြပါဦး။

ကြိုက်ရာ Link မှဒေါင်းပါ

👇👇👇

🚨Link-1

🚨Link-2

 IMDb Rating - 6.2/10



ဂန္တဝင်စစ်သူကြီး ကျောက်ယွင် (ကျောက်ကျီလုံ) ဆိုရင် သိုင်းလောကသားတွေရော၊
ဂိမ်းသမားတွေပါ ရင်းနှီးကြတဲ့စစ်သူကြီးတစ်ယောက်ဆို မှားမယ်မထင်ပါဘူးနော်။

ကျောက်ယွင်ပါဝင်တဲ့ သုံးနိုင်ငံကားတွေဆိုတာ မရေမတွက်နိုင်အောင်များတဲ့အပြင်သူ့အကြောင်းကိုပဲသီးသန့်ရိုက်ထားတဲ့စီးရီးတွေလည်း ရှိနေပါပြီ။

ဟန်မင်းဆက်ပျက်သုဉ်းနေတဲ့အချိန် တိုင်းပြည်ရှုပ်ထွေးနေပေမယ့် ကျောက်ကျီလုံကတော့ စစ်သူကြီးမလုပ်ချင်ခဲ့ပါဘူး။

မျက်စိမမြင်ရတဲ့မရီးကိုပဲ စောင့်ရှောက်ချင်ပါတယ်ဆိုပြီးရွာကိုပဲပြန်လာခဲ့ပါတယ်။ စစ်ပွဲရဲ့ရိုက်ခတ်ဒဏ်ကြောင့် မရီးလည်းဆုံး သူလည်းသေမလိုဖြစ်ခဲ့ရပြီးတော့ လျိုပေရဲ့ဇနီးသည်က ကယ်တင်ပေးခဲ့ပါတယ်။

ဒါကြောင့်လည်း အသက်သခင်ကျေးဇူးရှင်ဆိုပြီး မရီးလို့တောင်မခေါ်ဝံ့ခဲ့တဲ့ ကျောက်ကျီလုံပါ

အသက်သခင်ကျေးဇူးရှင်ဖြစ်တဲ့ သခင်မနဲ့လျိုပေ့ရဲ့ကလေးငယ်တို့ ချောင်ချောင်လက်ထဲမှာပိတ်မိနေတဲ့အခါ ကျေးဇူးသိတတ်တဲ့ ကျောက်ကျီလုံတစ်ယောက် အစွမ်းကုန်ကြိုးစားပြီး ဘယ်လိုကယ်တင်မလဲ...

ချောင်ချောင်ကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ... ဆက်ကြည့်လိုက်ပါတော့ဗျာ။

ကြိုက်ရာ Link မှဒေါင်းပါ

👇👇👇

🚨Link-1

🚨Link-2

🚨Link-3

IMDb Rating - 7.0/10



Jailbreak Pact ဆိုတဲ့ဒီဇာတ်ကားမှာတော့ 1990ခုနှစ်ကနိုင်ငံရေးအကျဉ်းသား ၄၉ ယောက် ၈လအကြာလောက် ထောင်ကနေတူးမြောင်းတူးပြီးလွှတ်မြောက်သွားတဲ့ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။

Leon Vargasကတော့အင်ဂျင်နီယာတစ်ဦးဖြစ်ပြီးတော့ဒီထောင်ဖောက်ဖို့တူးမြောင်းတူးဖို့ကိုဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

PatricioVelasquez ကတော့နိုင်ငံရေးအကျဉ်းသားဆရာဝန်တစ်ဦးဖြစ်ပြီးတော့ ထောင်ထဲမှာထိခိုက်ဒဏ်ရာရသူတွေကိုကုသပေးနေသူဖြစ်တယ်။

သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။

လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။

ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။

သူတို့နဲ့အတူကျန်တဲ့အကျဉ်းသားတွေအပါအဝင်ထောင်စောင့်တွေမသိအောင် လျို့ဝှက်တူးမြောင်းတူးပြီးတော့ ထောင်ကဖောက်ထွက်သွားပုံကိုစိတ်လှုပ်ရှားစွာကြည့်ရမဲ့ကားတစ်ကားပါ။

ကြိုက်ရာ Link မှဒေါင်းပါ

👇👇👇

🚨Link-1

🚨Link-2

🚨Link-3

 IMDb Rating - 5.4/10



အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ " Som Pla Noi " ဆိုတဲ့ အချစ် ဟာသ ရုပ်ရှင် ဇာတ်ကားကောင်းလေး တစ်ကားဘဲဖြစ်ပါတယ်။

"ဆုမ်" ဆိုတဲ့ မိန်းမလှလေးဟာ ရာဆိုထွန် ဆိုတဲ့ နယ်က ဒေသခံ တောသူမလေး တစ်ဦးပါ။ တစ်နေ့ ဘန်ကောက်က စီးပွားလုပ်ငန်းရှင် ဖြစ်တဲ့ "ပလား" ဆိုတဲ့ လူချမ်းသာလေးဟာ နယ်ဘက်ကို လာရင်း " ဆုမ့် " ကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပါတယ်။

"ဆုမ်" မှာ ငယ်ကတည်းက ကြိတ်ချစ်နေသူ "နွိင်း" ဆိုတဲ့ ဆင်းရဲသားလေးလည်း ရှိနေပါတယ်။ "ဆုမ်" တစ်ယောက် မြင်မြင်ချင်း ချစ်ခဲ့တဲ့ "ပလား" ကိုဘဲ ရွေးချယ်သွားမလား?

ငယ်ကတည်းက သူ့ကိုကြိတ်ချစ် နေသူလေး "နွိင်း" ကိုဘဲ ရွေးချယ်သွားမလား? ဆိုတာကိုတော့ ...

သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပေါ်အခြေခံထားပြီး Romance, Comedy အမျိုးအစားလေးဖြစ်တဲ့ ဒီ "Som Pla Noi" ဆိုတဲ့ ထိုင်းဇာတ်ကားလေးမှာ ဆက်ပြီး ကြည့်ရှုလိုက်ကြရအောင်နော်။

ကြိုက်ရာ Link မှဒေါင်းပါ

👇👇👇

🚨Link-1

🚨Link-2

🚨Link-3

 IMDb Rating - 5.2/10



Makmum 2021မှာတော့ မင်းသမီးဖြစ်တဲ့ ရင်နီဟာ အိမ်ထောင်ကျပြီး ဟာဖစ်ဇ် ဆိုတဲ့ ကလေးလေးတစ်ယောက် ပိုင်ဆိုင်ထားပါပြီ

အမျိုးသားကတော့ ဆုံးပါးသွားပြီဖြစ်ပြီး ရင်နီတစ်ယောက် ဇာတိရွာလေးက
အဒေါ်ကပါ ထပ်မံဆုံးပါးသွားတဲ့အခါ ရင်နီရဲ့ အပူမီးတွေနှစ်ဆတိုးလာရပါတော့တယ်

သားလေးကိုခေါ်ပြီး နာရေးအတွက်ရွာကို ပြန်လာခဲ့ရင်း ရွာမှာဗလီအသစ်ကြီး ဆောက်လုပ်နေတာကို မြင်ခဲ့ရတယ် 

ရွာကိုရောက်ပြီးတဲ့နောက်မှာတော့ ရင်ရဲ့သား ဟာဖစ်ဇ်ဟာ ကစားနေရင်း ပျောက်ဆုံးသွားပြီး တောအုပ်ကြီးရဲ့ အလယ်မှာ သတိလစ်လျက် ပြန်တွေ့ခဲ့ရတယ်

ကလေးတွေ ပျောက်ဆုံးသွားပြီးနောက်ပိုင်း ခြောက်လှန့်မှုတွေက
ပိုပိုဆိုးရွားလာခဲ့သလို ဆောက်လက်စ ဗလီအသစ်ကြီးမှာလည်း ပြဿနာအမျိုးမျိုးတက်ခဲ့ရတယ်

အဲဒီလိုနဲ့ ရင်နီဟာ ပြဿနာကို အဖြေရှာဖို့ ကြိုးစားရင်းကနေ ဘယ်လိုမျိုးပုံစံတွေနဲ့ ပူးကပ်ခံရမလဲ ကလေးတွေကို ဘယ်လိုကယ်မလဲ 

ရွာသားတွေရော ဘယ်လို ခြောက်လှန့်မှုတွေနဲ့ကြုံရမလဲဆိုတာကို မိုးအေးအေးမှာ စောင်လေးခြုံပြီး ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် သရဲကားကောင်းလေး အဖြစ် တင်ဆက်ပေးလိုက်ပါတယ်

ကြိုက်ရာ Link မှဒေါင်းပါ

👇👇👇

🚨Download-1

🚨Dwonload-2

IMDb Rating - 5.2/10



Horror ရုပ်ရှင်ကား ကြိုက်နှစ်သက်သူ ပရိတ်သတ်ကြီးအတွက် အင်ဒိုနီးရှား သရဲကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါရစေ။

ဒီကားလေးဟာဆိုရင် ၂၀၁၉ မှာတစ်ကား ၂၀၂၁မှာ တစ်ကား ထွက်ရှိထားတာဖြစ်ပြီး
၂၀၁၉ထွက် ကားလေးရဲ့ ဇာတ်အိမ်လေးကတော့ စီတရာ မိန်းကလေး ကျောင်းအိပ် ကျောင်းစားကျောင်းက အဆောင်နေ ကျောင်းသူမလေး သုံးဦးရဲ့ ခြောက်လှန့်ခံရမှုကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်

Makmum (နောက်ကလိုက်သူ ) လို့အမည်ရတဲ့ သရဲဟာ စီတရာရဲ့ အဆောင်နေ ကျောင်းသူမလေးတစ်ယောက်ဖြစ်တဲ့ပူတရီကို ဝတ်ပြုချိန်တိုင်း ပူးကပ်ခြောက်လှန့်တတ်ပါတယ်။

ဒီကျောင်းရဲ့ ကျောင်းအုပ်ကြီးဟောင်း ဖြစ်တဲ့ဆရာမကြီး ကီနန်တီဟာ ဒီအကြောင်းတွေကို သိနေတဲ့အတွက် ကျောင်းသူဟောင်း ရင်နီကို ခေါ်ယူခဲ့ပါတယ်

ရင်နီဟာ လက်ရှိမှာလူသေတွေကို ပြင်ဆင်ပေးတဲ့ အလုပ်ကို လုပ်ကိုင်နေပြီး ပရလောကသားတွေနဲ့ မကြာခဏကြုံတွေ့ရတတ်တဲ့သူပါ

သူမသိထားခဲ့တဲ့ ကျောင်းတော်ကြီးရဲ့ အမှန်တရားတွေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာကို horror ကားတို့ရဲ့ ထုံးစံအတိုင်း ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ကားကောင်းလေးတစ်ကားပါ

ကြိုက်ရာ Link မှဒေါင်းပါ

👇👇👇

🚨Download-1

🚨Download-2

 Ki & Ka - 2016 မြန်မာစာတန်းထိုး HD

IMDb Rating - 5.7/10



အိမ်ထောင်ပြုပြီး အိမ်အလုပ်တွေကိုပဲလုပ်ရင်း ဘဝကိုမနှစ်မြုပ်ချင်တဲ့ ကောင်မလေးနဲ့ ဖခင်ကအရမ်းချမ်းသာသောသူဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းတွေကိုစိတ်မဝင်စားဘဲ သူ့ရဲ့အမေကိုအရမ်းလေးစားအားကျတဲ့ ကောင်လေးတို့ တွေ့ဆုံကြတဲ့အခါ

တခြားသူတွေနဲ့ မတူတဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ ဘယ်လိုပြဿနာတွေဖြစ်လာနိုင်မလဲ

ကောင်လေးကရော သူ့ချစ်သူအတွက် အိမ်အလုပ်တွေလုပ်ရင်းနဲ့ပဲ နောက်ကွယ်ကနေပံ့ပိုးပေးနိုင်မလား ….

ကောင်မလေးကရော သူ့ချစ်သူကို လူကြားမှာပွဲထုတ်ဖို့အတွက် ဘယ်လိုခံစားမှုတွေရှိနေမလဲ ….

နောက်ပိုင်း သူ့ခင်ပွန်း အကြောင်းတိုက်ဆိုင်၍အောင်မြင်လာတဲ့အခါမှာရော မနာလိုမှုမရှိဘဲ မေတ္တာဆက်ထားနိုင်မလား
သူတို့နှစ်ယောက်ရဲ့ အချစ်ကသူမတူဘဲ ဘယ်လောက်ထိရှေ့ဆက်လျှောက်လှမ်းသွားနိုင်မလဲဆိုတာကတော့ ….

အိန္ဒိယရဲ့နာမည်ကြီးမင်းသမီး ကရီနာ ကပူးရ် သရုပ်ဆောင်ထားပြီး ဧည့်သည်သရုပ်ဆောင်အနေနဲ့ အမီတာဘချမ်းလည်းပါဝင်တဲ့အတွက် ဇာတ်ကားကောင်းလေးအဖြစ် ပရိတ်သက်တွေ သဘောတွေ့မှာမလွဲဘူးလို့လည်း ယုံကြည်မိပါတယ်။

👇👇👇

🚨Download here

The Land Of The Sons - 2021 မြန်မာစာတန်းထိုး HD

IMDb Rating - 6.1/10



အီတလီရုပ်ရှင်တွေဆိုရင် ထပ်ညွှန်းစရာမလိုဘူးထင်ပါတယ်။ အစဥ်အလာလည်းရှိပြီးသားရုပ်ရှင်တွေဖြစ်တာရယ် အပြောထက် အပြတွေဦးစားပေးတဲ့ရုပ်ရှင်တွေဖြစ်တာကြောင့် အ​မြဲချီးကျူးတာခံနေရတဲ့ရုပ်ရှင်တွေပါ။

ဒီရုပ်ရှင်မှာဆိုလည်း ဒိုင်ယာလော့တွေ အများကြီးမပါဘူး။ ဇာတ်ကောင်တွေလည်း အများကြီးပါမနေဘူး။

ဇာတ်လမ်းကလည်းရှုပ်မနေဘူး။ ကမ္ဘာပျက်ပြီးချိန် ကျန်ရစ်တဲ့ လူတွေရဲ့ ရှင်သန်ရစ်ဖို့ ကြိုးစားပုံတွေတွေ့ရမယ်။

အဓိကဇာတ်ဆောင်တွေက သားအဖနှစ်ယောက်။ သူတို့နှစ်ယောက်ကြားက သံ​ယောဇဉ်တွေကို တမူထူးခြားတဲ့ပုံစံနဲ့ တင်ဆက်ထားတယ်။

ဘာဆိုဘာမှ မကျန်တော့တဲ့ခေတ်ကြီးထဲမှာ မေတ္တာတရား ဆက်ရှင်သန်နေတာက လူသားတွေအတွက် ဆုလာဘ်ပါပဲ။

ကြည့်ကြည့်ပါ။ ခံစားချက်တစ်စုံတစ်ရာတော့ ရလာမှာ အမှန်ပါပဲ။

ကြိုက်ရာ Link မှဒေါင်းပါ

👇👇👇

🚨Download-1

🚨Dwonload-2

 Infinite - 2021 မြန်မာစာတန်းထိုး HD

IMDb Rating - 5.6/10



သိပ္ပံစိတ်ကူးယဉ် အက်ရှင် ကောင်းတာလေး ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။

ကမ္ဘာကြီးထဲက လူအချို့မှာအတိတ်ဘဝတွေအကုန်လုံးကို မှတ်မိနိုင်တဲ့ အစွမ်းပါလာတဲ့ လူတွေရှိနေပါတယ်။

သူတို့ သင်ခဲ့သမျှ တတ်ခဲ့သမျှတွေကိုပါ မှတ်မိနေတာဖြစ်တဲ့အတွက်ဘဝတွေ ကြာရှည်လာလေလ ပိုပြီး တော်လာလေလေပါပဲ။

ဒီလို လူတွေထဲမှာမှ နှစ်မျိုးကွဲနေပါတယ်။ တစ်ဖွဲ့ကတော့ ဒီအစွမ်းနဲ့ အသိပညာတွေကို လူသားတွေကော်းဖို့ သုံးသင့်တယ်လို့ထင်တဲ့အဖွဲ့ပါ။

နောက်တစ်ဖွဲ့ကတော့ ဒီလိုတွေ ပြန်ဝင်စားနေရတာဟာ ဆင်းရဲဒုက္ခမို့ ဒီဘဝကနေ လွတ်မြောက်ဖို့ အတွက် ကြိုးစားမယ့်အဖွဲ့ပါ။

သူတို့ ကြိုးစားတာကတော့ ရိုးရှင်းပါတယ်။ ပြန်ဝင်စားစရာမရှိအောင် သက်ရှိတွေ တစ်ယောက်မကျန်

သတ်လိုက်ရင် သံသရာအေးသွားမယ်ဆိုတာပါပဲ။ အဲဒီလို နှစ်ဖွဲ့ နှစ်ပေါင်းများစွာ အားပြိုင်လာရင်းနဲ့

တစ်နေ့မှာ သူ့ကိုယ်သူ လူဝင်စားမှန်းမသိဘဲ စိတ်ရောဂါရှိနေတယ်ထင်လို့ ပြဿနာတွေ

တက်နေတဲ့ မင်းသားကိုတွေ့သွားတဲ့အခါ အဲဒီမင်းသားက သူတို့ နှစ်ဖွဲ့လုံးအတွက်

အရေးအကြီးဆုံးလူဖြစ်နေတာကြောင့် အပြိုင်အဆိုင် လာလုကြပါတော့တယ်။

ကြိုက်ရာ Link မှဒေါင်းပါ

👇👇👇

🚨Link-1

🚨Link-2

🚨Link-3

 

Blind War - 2022 မြန်မာစာတန်းထိုး HD

IMDb Rating - 6.1/10



အကြမ်းအရမ်း တရုတ် Action ကားသစ် တစ်ကားပါ။

လူကုန်ကူးဂိုဏ်းကြီးက ဆရာကြီးကို တရားရုံးကနေ ဂိုဏ်သားတွေက ကယ်ထုတ်ရာမှာ အထိကရုဏ်းတွေ ဖြစ်သွားပြီး ရဲအများအပြားရော၊ လုကုန်ကူးဂိုဏ်းသားတွေပါ သေဆုံးကာ၊ ရဲတပ်ဖွဲ့ဝင်ဒုံဂူလည်း မျက်စိအလင်းကွယ်ခဲ့ပါတယ်။

အထက်ကခွင့်ပြုချက်မပါဘဲလုပ်ဆောင်ခဲ့ခြင်းကြောင့် ဒုံဂူတစ်ယောက် ရဲတပ်ဖွဲ့ကလည်းအနားယူလိုက်ရသလို လူကုန်ကူးဂိုဏ်းသား၊ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ စီနာဆိုတဲ့ အမျိုးသမီးကလည်း သူ့ကို လက်စားချေချင်နေခဲ့ပါတယ်။

ဒီလိုနဲ့ မျက်စိကလည်းကန်း၊ အလုပ်ကလည်း ထွက်လိုက်ရတဲ့ ဒုံဂူဟာ သူ့ရဲ့ ဆယ်ကျော်သက်အရွယ်သမီးလေးနဲ့ပဲ နေထိုင်ခဲ့ကာ၊ တစ်နေ့ သူ့သမီးပြိုင်ပွဲအတွက် နိုင်ငံခြားက စီနာထောင်ကျနေတဲ့ မြို့ကို အတူသွားရင်း ရုတ်တရက် သူ့သမီးကို လူကုန်ကူးဂိုဏ်းက ဖမ်းသွားတဲ့အခါမှာတော့ ...

Marvel ရဲ့ မျက်မမြင်ဟီးရိုး Daredevil လောက်မစွမ်းပေမဲ့၊ Don't Breathe ကားထဲက မျက်မမြင် စစ်ပြန်ကြီးထက် ပိုကြမ်းပြထားပြီး သမီးဖြစ်သူကို လိုက်ကယ်တဲ့ ခပ်ကြမ်းကြမ်း အက်ရှင်ကားလေးကို ကြည့်ရှုကြရမှာပါ။

ကြိုက်ရာ Link မှဒေါင်းပါ

👇👇👇

🚨Link-1

🚨Link-2

🚨Link-3

Interceptor - 2022 မြန်မာစာတန်းထိုး HD

IMDb Rating - 5.0/10

ဇာတ်အိမ်ခိုင်ခိုင်နဲ့ အက်ရှင်ကား ကောင်းကောင်းကြည့်ချင်သူတွေအတွက်
၂၀၂၂ ထွက် Intercepter လာပါပြီ။



ဇာတ်လမ်း အကျဉ်းကတော့ အမေရိကန်မှာရှိတဲ့ နျူကလီးယား ဒုံးကျည်တွေကို ခိုးယူပြီး အမေရိကန် နိုင်ငံတစ်ဝက်စာလောက်ကို ဖျက်ဆီးပစ်ဖို့ လူတစ်စု ဗိုလ်ကြီး ကောလင်းစ်ရဲ့ တာဝန်ကျရာ တပ်စခန်းကို ဝင်ရောက်စီနင်းကြတယ်။

သူတို့ စီနင်းကြတဲ့ စခန်းက နျူကလီးယား ဒုံးတွေ ပစ်လွှတ်လာခဲ့ရင် ကြားဝင် ဖြတ်ချပစ်ဖို့ ဒုံးဖျက်လက်နက်တွေကျန်ရှိရာ ရေလယ်က တစ်ခုတည်းသော ရေပေါ်စခန်းကြီးတစ်ခု ဗိုလ်ကြီးကောလင်းစ်တစ်ယောက် အနိုင်ရဖို့ ၂၀ ရာခိုင်နှုန်းတောင် မသေချာတော့ လူဆိုးတွေနဲ့ ပူးပေါင်းမလား

ဆက်လက်တိုက်ပွဲဝင်မလား ရင်တမမနဲ့ ကြည့်ရမယ့်ကားပါပဲ။

သဘာဝလွန် လက်တွေ့မဆန်တဲ့ အက်ရှင်မျိုးထက်လူမှု ပြဿနာတွေအကြောင်း တစ်ရစ်ချင်း ပါးပါးလေးထည့်ရိုက်ပြထားတဲ့ကားပါ။

ဒီအက်ရှင်ကားဟာ တစ်ကားလုံး ဇာတ်လမ်းဇာတ်အိမ်မရှိစွတ်ချချင်ရာချနေတဲ့ အက်ရှင်မျိုးထက် ဒိုင်ယာလေ့ာတွေ အသားပေး မလွတ်တမ်းကြည့်ရတဲ့ အက်ရှင်ကားမျိုးပါ။

ကြိုက်ရာ Link မှဒေါင်းပါ

👇👇👇

🚨Link-1

🚨Link-2

🚨Link-3

 
Copyright © 2022 Golden Bell Movie Channel
Distributed By Golden Bell