The Sea Beast (2022)

နက်ဖလစ်ရဲ့ ကာတွန်းအသစ်လေးလာပါပြီ။ ဒါရိုက်တာ ခရစ်ဝီလီယံ
ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
သူက Big Hero 6 ကိုရိုက်ခဲ့တဲ့သူဖြစ်ပြီး၊ မိုအာနာ နဲ့ Bolt ကိုရေးခဲ့တဲ့သူပါပဲ။
ဒီဇာတ်လမ်းကတော့ ပင်လယ်ထဲက ထူးဆန်းတဲ့ သားရဲကြီးတွေနဲ့ ပင်လယ်မုဆိုးတွေရဲ့
တိုက်ပွဲကို အခြေခံထားတာပါ။ အကောင်ဆန်းတွေကိုချစ်စရာတွေလုပ်ထားတော့
ကလေးတွေလည်း ကြည့်လို့အရမ်းသဘောကျမှာပါ။ ဇာတ်လမ်းထဲမှာတော့မေစီဆိုတဲ့ ကောင်မလေးဟာ မုဆိုးမျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး
သူ့မိဘတွေက ပင်လယ်တိုက်ပွဲမှာ သေဆုံးသွားခဲ့လို့ မိဘမဲ့ဖြစ်နေသူပါ။
သူကလည်း သူ့မိဘတွေလို မုဆိုးလုပ်ချင်တာကြောင့် မုဆိုးသင်္ဘောတွေထဲက
နာမည်အကြီးဆုံးဖြစ်တဲ့ အင်အက်ဗစ်ထဘဲဆိုတဲ့ သင်္ဘောပေါ်ကို ခိုးပြီးတက်လိုက်သွားပါတယ်။
အဲဒီမှာပဲ သင်္ဘောပေါ်က ကပ္ပတိန်ကြီး ခရိုး ရယ် သူ့ရဲ့ မွေးစားသား
လက်ထောက် ဂျေကော့ တို့ရယ်နဲ့ပေါင်းပြီး ပင်လယ်ပြင်မှာ စွန့်စားခန်းတွေဖွင့်ကြတဲ့အခါ….

ကြိုက်ရာလင့်ခ် မှ ဒေါင်းပါ

🚨 Link 1
🚨 Link 2

Cracked (2022)

ရုက်ရဲ့သမီးဖြစ်သူ ရေချယ်က မျက်စိပြဿနာတစ်ခုကြောင့်
ကောင်းကောင်းမမြင်ရဘဲ ခွဲစိတ်မှုပြုလုပ်ဖို့ငွေလိုအပ်လာပါတော့တယ်
ဒီအချိန်မှာပဲ ရုက်ရဲ့ဖခင် သေဆုံးပြီမို့ မွေးရပ်မြေချင်းမိုင်ကိုပြန်လာဖို့
ဖခင်ဖြစ်သူရဲ့သူငယ်ချင်းဝိချိုင်က ခေါ်ခဲ့တာမို့ ပြန်လာခဲ့ရပါတော့တယ်
ချင်းမိုင်ကိုရောက်တော့ ဝိချိုင်က ရုက်ရဲ့ဖခင်ပကွန်ရေးဆွဲခဲ့တဲ့ပန်းချီကားနှစ်ကားကို သန်းချီပေးပြီးဝယ်ချင်သူရှိကြောင်းပြောတာမို့
သမီးဖြစ်သူရဲ့ခွဲစိတ်မှုအတွက် ရုက်က ရောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်
ပန်းချီကားတွေမှာ အက်ရာတွေရှိနေတာမို့ မရောင်းခင် ပြုပြင်ထိန်းသိမ်းဖို့ ဝိချိုင်က သားဖြစ်သူ ထင်မ်ကိုအပ်ခဲ့ပါတယ်ရုကျအနေနဲ့ ဘာလို့ ဖခင်ဖြစ်သူပကွန်ကို ဘာလို့မုန်းတီးပြီး မွေးရပ်မြေကနေထွက်သွားရတာလဲ
ပန်းချီကားတွေနဲ့စတူဒီယိုကိုရော ရုကျက ဘာလို့ကြောက်ရွံ့နေရတာလဲ
ပန်းချီကားကို ပထမအကြိမ်ရောင်းချခဲ့စဥ်က သေဆုံးမှုတွေဘာလို့ဖြစ်ခဲ့ရတာလဲ
ပန်းချီဆရာပကွန် ၊ ရုက်နဲ့ ဒီစတူဒီယိုကြီးမှာ ဘာအဖြစ်ဆိုးတွေဖြစ်ခဲ့တာလဲဆိုတာကို စိတ်လှုပ်ရှားမှုများစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်

ကြိုက်ရာလင့်ခ်မှ ဒေါင်းပါ

🚨 Download 1


🚨 Download 2


Jurassic World Dominion - 2022 မြန်မာစာတန်းထိုး HD

IMDb Rating - 5.9/10


ဂျူရက်ဆစ်ကမ္ဘာရဲ့ တတိယရုပ်ရှင်ကြီးထွက်လာပါပြီ။ ပထမရုပ်ရှင်မှာ ဂျူရက်ဆစ်ပန်းခြံပျက်စီးသွားခဲ့ပြီး၊ ဒုတိယကားမှာ ဒိုင်နိုဆောတွေအားလုံး ကမ္ဘာကြီးထဲကို ပျံ့နှံ့လာတာကို တွေ့ရမှာပါ။

ဒီတတိယကားမှာတော့ ဒိုင်နိုဆောတွေနဲ့ ဒီအန်အေတူတဲ့ ဧရာမကျိုင်းကောင်ကြီးတွေ ပေါ်လာပြီး ကမ္ဘာပေါ်က လယ်ကွင်းတွေကို လိုက်ဖျက်ဆီးနေတဲ့ပြဿနာကနေစတင်လာပါတယ်။

အိုဝင် နဲ့ ကလယ်ရာတို့အတွဲကလည်း ချားလော့ကလုန်း ကောင်မလေးဖြစ်တဲ့ မေစီကို ကယ်လာပြီး လူတွေနဲ့ဝေးရာမှာ ဖွက်ထားခဲ့ပါတယ်။

အဲဒီမှာပဲ ကျိုင်းကောင်တွေကို မျိုးဗီဇပြောင်းတဲ့တရားခံကိုရှာနေတဲ့ သိပ္ပံပညာရှင် သူငယ်ချင်းနှစ်ယောက်ရယ်၊ မေစီကိုဖမ်းသွားတဲ့အပြင် ရပ်ပ်တာမကြီး ဘလူးရဲ့ ကလေးကိုပါ ဖမ်းသွားတဲ့လူတွေနောက်ကို ကယ်ဖို့လိုက်လာတဲ့ အိုဝင်တို့စုံတွဲရယ်ပူးပေါင်းပြီး စွန့်စားခန်းတွေ ဖွင့်ကြရပါတော့တယ်...

ရရချင်း တင်ပေးထားရတာမို့ Korea Hardsub ပါတာကိုတော့ အနည်းငယ် သည်းခံပြီး ကြည့်ရှုပေးကြပါဦး

👇👇👇

🚨Link1

🚨Link2

The Passenger - 2021 မြန်မာစာတန်းထိုး HD

IMDb Rating - 5.4/10

ခရီးသည်တွေ တင်လာတဲ့ ဗန်ကား တစ်စီးဟာ တောင်တက်လမ်းတစ်ခုမှာတော့ လမ်းလျှောက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တိုက်မိသွားခဲ့ပါတယ်။

ညကြီးမိုးချုပ် ဖြစ်တဲ့အပြင် လမ်းပေါ်မှာလည်း ဘယ်သူမှ မရှိ၊ ဘယ်ကိုမှလည်း ဆက်သွယ်လို့မရတာကြောင့် သူတို့ကားပေါ်တင်လာပြီး အနီးစပ်ဆုံး ဆေးရုံကို ပို့ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ပြဿနာကတော့ အဲ့ဒီမှာ စတော့တာပါပဲ။ ခရီးသည်တွေလည်း သူတို့ ကူညီဖို့ဆုံးဖြတ်ခဲ့တာဟာ တစ်ခုခု လွဲမှားသွားပြီဆိုတာသိလိုက်ပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ပြန်ပြင်လို့မရတော့ပါဘူး။

သူတို့ ကားပေါ်တင်လာခဲ့တဲ့ အမျိုးသမီးက ဘယ်လိုလူမျိုးလဲ?

အဲ့ဒီအမျိုးသမီးနဲ့ သူတို့တွေ ဘယ်လိုရှေ့ဆက်ကြမလဲ?

ကားပေါ်ပါလာတဲ့ ခရီးသည်တွေကော ဘယ်လိုပြဿနာတွေနဲ့ ကြုံတွေ့ရမလဲ? ဆိုတာကိုတော့ သည်းထိတ်ရင်ဖို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

👇👇👇

🚨Download-1

🚨Download-2

 
Copyright © 2022 Golden Bell Movie Channel
Distributed By Golden Bell