IMDb Rating - 6.4/10


အသည်းတအေးအေးနဲ့ကြည့်ရမယ့် ရုပ်ရှင်အသစ်တစ်ကားလာပါပြီ။

တောင်တက်သမားကောင်မလေးတစ်ယောက်ဟာ အတူတောင်တက်တဲ့ သူ့ယောကျ်ား ပြုတ်ကျပြီးဆုံးသွားတဲ့နောက်မှာ စိတ်ဓာတ်ကျပြီး အရက်တွေသောက် အခန်းထဲအောင်းတာပဲလုပ်နေပါတော့တယ်။

ဒီတော့သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းသူ့ကိုစိတ်ပြေလက်ပျောက်အမြင့်တစ်ခုတက်ဖို့လာခေါ်ပါတော့တယ်။

သူတို့တက်ရမယ့်အရာ အမေရိကရဲ့ စတုတ္ထမြောက်အမြင့်ဆုံး တီဗီတာဝါဖြစ်ပြီးပေ ၂၀၀၀ လောက်ကိုမြင့်ပါတယ်။ သူကအစပိုင်းမှာ သံဘောင်တွေပါတဲ့အတွင်းလှေကားကနေ လုံလုံခြုံခြုံတက်ရတာဖြစ်ပေမဲ့ ထိပ်တစ်ဆင့်မှာတော့လှေကားအလွတ်ကြီးပဲရှိပါတယ်။

သူတို့တွေအဲဒီအပေါ်ကို ခက်ခက်ခဲခဲတက် ဓာတ်ပုံတွေရိုက်ပြီး ပြန်အဆင်းမှာတော့ သံလှေကားဟောင်းကြီး ကျွတ်ကျသွားခဲ့ပါတယ်။

အဲဒီတော့တာဝါအမြင့်ကြီးရဲ့ ထိပ်ဆုံးမှာ သူငယ်ချင်းနှစ်ယောက် ပိတ်မိနေပြီး ကယ်မယ့်သူလည်းမရှိ၊ ဘေးပတ်လည်မှာလူလည်းမရှိ၊ ဖုန်းလိုင်းလည်းမမိတဲ့အချိန်မှာ အသက်ရှင်လျက် ပြန်ဆင်းလာနိုင်ဖို့ ဘယ်လိုတွေ နည်းမျိုးစုံနဲ့ စွန့်စားရမလဲဆိုတာကြည့်ရမှာပါပဲ။ အတော်လေးခံစားလို့ကောင်းတဲ့ရုပ်ရှင်ပါပဲ။

👇👇👇

🚨Download

IMDb Rating - 8.0/10


အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ တောင်ပိုင်း ကန်နန်းဒါးဘက်က နာမည်ကြီးမင်းသား ဆလ်မန်းခန်းရဲ့ Dabangg 3 ဇာတ်ကားထဲမှာ ဗီလိန်နေရာက သရုပ်ဆောင်သွားတဲ့ မင်းသား ကစ်ချားဆူဒီပါးနဲ့ ဆက်ဆီကျကျမမလှလှဂျက်စီတို့ရဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်

ဒီဇာတ်ကားလေးက တော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်....

ကာနတကမြို့နယ်အတွင်းက ကမာရုတူးဆိုတဲ့ရွာလေးကနေ ဇာတ်လမ်းကိုအစပြုထားတယ်....

အဲ့ဒီရွာက တောအုပ်ကြီးအလယ်မှာ တည်ရှိနေတဲ့ရွာဖြစ်သလို ဖြစ်ရပ်ဆန်းကြယ်မှုတွေနဲ့ နတ်ဆိုးတွေသောင်းကျန်းနေတယ်လို့လည်း နာမည်ကြီးတယ်...

အဲ့ဒီရွာအတွင်းမှာရှိတဲ့ ဘိုးဘွားပိုင်အိမ်မှာ မိသားစုတစ်စု မင်္ဂလာပွဲလာကျင်းပကြပါတယ်

အထမမြောက်နိုင်ခဲ့ဘဲ အိမ်ထဲမှာ
အရာရှိတစ်ယောက်ရဲ့ခေါင်းပြတ်နေတဲ့အလောင်းကိုတွေ့ရှိခဲ့ပါတယ်

ကလေးသူငယ်တွေဟာလည်း အသတ်ခံနေနေရပါတယ်.....

ဆိုတော့ ဒီရွာက တကယ်ပဲ့ ကျိန်စာသင့်နေတာလား....

နတ်ဆိုးတွေ သောင်းကျန်းနေတာလား....
အဖြစ်မှန်က ဘာများလဲ.....။

👇👇👇

🚨Download

🚨Download

 
Copyright © 2022 Golden Bell Movie Channel
Distributed By Golden Bell