Jailbreak Pact - 2020 မြန်မာစာတန်းထိုး HD
IMDb Rating - 7.0/10
Jailbreak Pact ဆိုတဲ့ဒီဇာတ်ကားမှာတော့ 1990ခုနှစ်ကနိုင်ငံရေးအကျဉ်းသား ၄၉ ယောက် ၈လအကြာလောက် ထောင်ကနေတူးမြောင်းတူးပြီးလွှတ်မြောက်သွားတဲ့ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။
Leon Vargasကတော့အင်ဂျင်နီယာတစ်ဦးဖြစ်ပြီးတော့ဒီထောင်ဖောက်ဖို့တူးမြောင်းတူးဖို့ကိုဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
PatricioVelasquez ကတော့နိုင်ငံရေးအကျဉ်းသားဆရာဝန်တစ်ဦးဖြစ်ပြီးတော့ ထောင်ထဲမှာထိခိုက်ဒဏ်ရာရသူတွေကိုကုသပေးနေသူဖြစ်တယ်။
သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။
လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။
ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။
သူတို့နဲ့အတူကျန်တဲ့အကျဉ်းသားတွေအပါအဝင်ထောင်စောင့်တွေမသိအောင် လျို့ဝှက်တူးမြောင်းတူးပြီးတော့ ထောင်ကဖောက်ထွက်သွားပုံကိုစိတ်လှုပ်ရှားစွာကြည့်ရမဲ့ကားတစ်ကားပါ။
ကြိုက်ရာ Link မှဒေါင်းပါ
👇👇👇
0 comments:
Post a Comment