The Legend of Zhao Yun - 2021 မြန်မာစာတန်းထိုး HD
IMDb Rating - 6.2/10
ဂန္တဝင်စစ်သူကြီး ကျောက်ယွင် (ကျောက်ကျီလုံ) ဆိုရင် သိုင်းလောကသားတွေရော၊
ဂိမ်းသမားတွေပါ ရင်းနှီးကြတဲ့စစ်သူကြီးတစ်ယောက်ဆို မှားမယ်မထင်ပါဘူးနော်။
ကျောက်ယွင်ပါဝင်တဲ့ သုံးနိုင်ငံကားတွေဆိုတာ မရေမတွက်နိုင်အောင်များတဲ့အပြင်သူ့အကြောင်းကိုပဲသီးသန့်ရိုက်ထားတဲ့စီးရီးတွေလည်း ရှိနေပါပြီ။
ဟန်မင်းဆက်ပျက်သုဉ်းနေတဲ့အချိန် တိုင်းပြည်ရှုပ်ထွေးနေပေမယ့် ကျောက်ကျီလုံကတော့ စစ်သူကြီးမလုပ်ချင်ခဲ့ပါဘူး။
မျက်စိမမြင်ရတဲ့မရီးကိုပဲ စောင့်ရှောက်ချင်ပါတယ်ဆိုပြီးရွာကိုပဲပြန်လာခဲ့ပါတယ်။ စစ်ပွဲရဲ့ရိုက်ခတ်ဒဏ်ကြောင့် မရီးလည်းဆုံး သူလည်းသေမလိုဖြစ်ခဲ့ရပြီးတော့ လျိုပေရဲ့ဇနီးသည်က ကယ်တင်ပေးခဲ့ပါတယ်။
ဒါကြောင့်လည်း အသက်သခင်ကျေးဇူးရှင်ဆိုပြီး မရီးလို့တောင်မခေါ်ဝံ့ခဲ့တဲ့ ကျောက်ကျီလုံပါ
အသက်သခင်ကျေးဇူးရှင်ဖြစ်တဲ့ သခင်မနဲ့လျိုပေ့ရဲ့ကလေးငယ်တို့ ချောင်ချောင်လက်ထဲမှာပိတ်မိနေတဲ့အခါ ကျေးဇူးသိတတ်တဲ့ ကျောက်ကျီလုံတစ်ယောက် အစွမ်းကုန်ကြိုးစားပြီး ဘယ်လိုကယ်တင်မလဲ...
ချောင်ချောင်ကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ... ဆက်ကြည့်လိုက်ပါတော့ဗျာ။
ကြိုက်ရာ Link မှဒေါင်းပါ
👇👇👇
0 comments:
Post a Comment